31

5.8K 688 82
                                    

Zawgyii

..
...
....

....

Black Coffee

....

အဆုံးအဖြတ်ပေးမဲ့သူရယ်....
နောက်တစ်ရက်ပဲထပ်အိပ်ပါတော့....
မနက်ဖြန်ဆို နိုးထပေးမယ်မလား.... ။

..
..
..
..
..

မနက်ခင်းသတင်းစာခေါင်းစီးပိုင်းတွင်
YM Fashion Company မွ CEO
ကိုယ်တိုင် Gay အဖြစ်ဝန်ခံခြင်း ဟူသော
ခေါင်းစဉ်ကြီးမှာ ထင်းလို့ လင်းလို့ .... ။

ထို့အတူ မနက်ခင်း ရုပ်မြင်သံကြား သတင်း
တွင်လဲ ရုပ်ရှင်မင်းသမီး Yoi Eller နှင့်
CEO Min Yoongi တို့ပြတ်ဆဲသွားပြီဖြစ်
ကြောင်း နှင့် CEO Min Yoongi ကိုယ်တိုင်
Gay အဖြစ်အသိပေးဖွင့်ဟလိုက်ပါသည်
ဟူသော သတင်းကြေငြာသူ မိန်းကလေးကပြောကြားသွားသည်ကိုမလှုပ်မယှက် ထိုင်ကြည့်နေမိသည်...။

" ကေလး.... ကိုယ်တို့ရှေ့ရေးအတွက်
ကိုယ်အကုန်ကြိုးစားပြီပြီမို့ ကလေးနိုးလာ
ရင် ကိုယ်တို့ပျော်ရွှင်တဲ့အနာဂတ်ကိုပဲ
ဖန်တီးကြရအောင်နော်...."

တစ်ရက်တိတိ အိပ်စက်ထားသောကြောင့်
လှုပ်ရှားမှုမရှိငြိမ်သက်နေတဲ့ လက်ဖောင်း
ဖောင်းလေးတွေကြား ရေနွေးဝတ်ကလေး
တိုက်ပေးနေရင်း သူပြုံးပြုံးလေး ဆိုမိ၏...။

ရှယ်ယာဈေးတွေက တက်လိုက်ကျလိုက်နဲ့
မူမမှန်... ။

သူ့အခြေအနေကို လက်ခံတဲ့လူတွေရှိသလို
ကန့်ကွက်တဲ့လူတွေလဲရှိသည်.... ။

ဘာပဲဖြစ်ဖြစ် အဆုံးစွန်ထိ ထိုးက်မသြားပဲ
အနေတော်အခြေအနေလေးမှာပဲရှိနေလို့
တော်သေးသည်ဟုပဲဆိုရမည်.... ။

လူ့အဖွဲ့အစည်းကြီးတိုးတက်လာတာပဲ
ဝမ်းသာရမည်လေ ။

" Yoongi Hyung.... "

" Ahh .... ရောက်လာကြပြီလား... "

အခန်းထဲဝင်လာသော Jungkook နဲ့
Taehyung တို့နှစ်ယောက်.... ။

Jungkook ကပြုံးရွှင်နေပေမဲ့
Taehyung ကမျက်နှာမကောင်း..
သူ့ကိုမျက်လုံးချင်းကိုအဆုံမခံ......။

" Taehyung .... "

" Hyung.... "

နှစ်ယောက်လုံးထံမှပြိုင်တူထွက်ကျလာသော
အသံကြောင့် jungkook သည်ပင်
ပြုံးစိစိဖြစ်နေ၏.... ။

ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now