6

6.1K 815 61
                                    

...

Z

awgyii

....
.

...

Black Coffee

....

မျက်လုံးဖွင့်ဖွင့်ချင်းပင် ထိုးကိုက်လာသောခေါင်း။
တကျစ်ကျစ်စုတ်သတ်လိုက်ရင်း
ရှုပ်ထွေးနေတဲ့ခေါင်းကိုလက်နှစ်ဖက်လုံးဖြင့်
ထုလိုက်ပြီး မျက်လုံးတို့ကိုအားယူပြီးဖွင့်
ရသည် ။

နိုးလာသည်နှင့်ပြန်တွေးယူရသည်ကမနေ့ကအကြောင်း။
မနေ့ညက သူနဲ့yoongi နဲ့ party ပွဲကပြန်လာတယ်။ ပြီးတော့ yoongiကိုအိမ်ပြန်ပို့ပေးတယ်။
ပြီးတော့ club ကိုသွားတယ်။
အရက်ထပ်သောက်ခဲ့တယ် ။ အိမ်ပြန်လာ
တယ် ။ Taehyung ကိုတွေ့တယ် ။
ဟုတ်ပြီ ဒီလောက်မှတ်မိရင်ရပြီ ။

အိပ်ချင်မပြေသေးသောမျက်လုံးတို့ကိုလက်ဖြင့်
ဖိပွတ်ပြီးနောက် စားပွဲတင်ထားသောနာရီကို
ကြည့်မိသည်နှင့် ကုတင်ပေါ်မှပြာပြာသလဲဆင်းကာ
မျက်နှာသစ်ရေချိုးရန် ရေချိုးခန်းဆီသို့ ။

ရေချိုးပြီးတော့လဲအဝတ်အစားကိုမြန်မြန်လဲကာ
ကပြာကယာ ရုံးသွားရန်ပြင်ဆင်ရတော့သည် ။
Taehyung တစ်ယောက်ကတော့ဒီချိန်ဆို
ဆိုင်ရောက်နေရောပေါ့ ။

Jimin ရုံးကိုရောက်သွားတော့ ဘေးဘီဝဲယာ
ပင်မကြည့်အား ..သူဌေးဆီသာအမြန်ပြေးရ
လေသည် ။

သူဌေးကအရင်ရောက်ပြီးအတွင်းရေးမှူးက
မရောက်သေးရင် ကဲ့ရဲ့စရာဖြစ်မည် ။

လူတွေကကိုယ့်လောက်မှမတော်ဘဲ ရမ်းသမ်းပြီး
ကဲ့ရဲ့တာလောက် jimin မုန်းတာမရှိ ။

သို့သော်လဲ ဒီနေ့တော့သူတကယ်နောက်
ကျခဲ့ပါသည် ။

အမှားလုပ်ထားသူပီပီ ခေါင်းကိုငုံ့ပြီးလက်နှစ်
ဖက်ကိုပွတ်ရင်း ရုံးခန်းရှေ့ခေါက်တုံ့ခေါက်
ပြန်လျှောက်နေရသည် ။

Yoongi ပါးစပ်ဖျားမှခါးသီးလှတဲ့စကားတွေ
ကိုသူမခံနိုင်ပါ ။ဘာလို့လဲမသိ မနေ့ထဲက ကြားလဲမကြားချင်တော့ပါ ။

ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now