15

5.3K 685 27
                                    

Zawgyi
...
.

..

Black Coffee

....

" ကျွန်တော်တောင်းပန်ပါတယ် jiminie ကို
နှုတ်ဆက်ချင်ဇောနဲ့ မတော်တဆ
ဖြစ်သွားတာမို့လို့ Eller noona
ခွင့်လွှတ်မယ်မဟုတ်လားဟင် "

" အင်း.....မတော်တဆ..... "

Jungkook အမှားကြောင့် Eller လက်မှာ
ပတ်တီးစည်းထားရသည် ။

တက်နင်းမိတာဆိုပေမဲ့ အားသိပ်မပါသဖြင့်
ထွေထွေထူးထူးတော့မဖြစ် ။
ညာလက်မဟုတ်ဘဲဘယ်လက်ဖြစ်နေလို့သာ
တော်သေးသည် ဆိုရမည်ပေ ။

Jungkook ကိုမေးတော့မတော်တဆပါ ။
သူတကယ် မတော်တဆဖြစ်သွားတာပါတဲ့ ။

Taehyung ကို အကူခေါ်တော့ Taehyung
ကလဲ jungkook ကဘာ
သဘောမှမပါဘူး တကယ်ယုံပါတဲ့ ။

ဟုတ်သော်ရှိမဟုတ်သော်ရှိ ကိုယ့်လူအမှားမို့
တောင်းပန်ရမည်လေ ။

ဒီနေ့ schedule ဖျက်မယ်လုပ်တော့
Eller ကမဖျက်နဲ့သူသက်သာတယ်
အဆင်ပြေတယ် ဆိုပြီးတားတော့ ပုံမှန်အတိုင်း
ဆက်လုပ်ရသည် ။

ထိုကိစ္စဖြစ်ပြီးထဲက yoongi တစ်ယောက်
သူ့ကိုလှည့်တောင်မကြည့်ဖြစ် ။
Eller အနားတွင်သာကပ်နေသည် ။

ခုလဲ Eller ကို jungkook ကအလိုက်
တသိသွားတောင်းပန်ပါသည် ။

Eller မျက်နှာကကျေအေးချင်တဲ့ပုံစံမရှိပေ ။
ဘေးနားက yoongi ကတော့ဘာမှမပြော
သေး။  jungkook ကိုကြည့်နေသည် ။

" Eller noona မကျေနပ်ရင်ကျွန်တော်
လက်ချပေးမယ် ပြန်တက်နင်းပါလား "

" အဟက် ကလေးကလားအလုပ်မျိုးကို
တို့ကပြန်ကလဲ့စားချေမယ်များထင်နေသလား
Jungkook shii "

အပြုံးလေးနဲ့ Eller က တောင်းပန်နေသော jungkook ကို ပြန်လည်ချေပပါသည် ။

Eller ကလဲမကျေနပ်နိုင် ။
Jungkook ကလဲတစ်ခွန်းကနှစ်ခွန်းဆိုစိတ်
ရှည်တဲ့သူမဟုတ် ။

" အဟား "

Jungkook တချက်ရယ်လိုက်သည် ။
ထိုအရယ်နောက်တပြိုင်တည်း သက်ပြင်းကို
အရှည်ကြီးဆွဲချလိုက်သည် ။

ဘာစိတ်ကူးပေါက်၍ jungkook ထရယ်
တယ်မသိ ။ သို့သော်သူ့ရယ်သံကြောင့်
Yoongi ရော Eller ပါမကျန်သူရော
Taehyung ပါ မျက်လုံးပြူးသွားရသည် ။

ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now