14

5.1K 703 28
                                    

Zawgyii

..
..

" jimin မင်း yoongi hyung ကို
ချစ်နေတယ်မလား "

" Tae မင်းးး ဘယ် ဘယ် လိုလုပ်သိတာလဲ "

ခုံတန်းပေါ်တွင် ဘေးချင်းကပ်ထိုင်နေရာမှ
Taehyung ကသူ့ဘက်မျက်နှာချင်းဆိုင်
လှည့်ကာမေးလိုက်သောမေးခွန်းက ။

Taehyung နှင့် jungkookie ကိုနားလည်ကြောင်း ၊ လက်ခံကြောင်း ပြောပြ
ပြီးမနက်ကသူတို့ နှယောက်တောင်းခဲ့သော
အဖြေကိုပေးရန် ရုံးဆင်းသောအခါ Cafe
ဆီ jimin တန်းသွားခဲ့သည် ။

Jin hyung ကိုဆိုင်အပ်ခဲ့ပြီးနောက် Taehyung ကို သီးသန့်စကားပြောရန်
ဆွဲခေါ်လာခဲ့သည် ။

သူ့ဘက်မှစကားမစရသေးခင် Taehyung
ဘက်မှ မထင်မှတ်ထားသောစကားကို
လက်ဦးသွားသည်မို့ အလန့်တကြား
ဖြစ်နေစဉ် ။

" ငါ မင်းမရှိတုန်း မင်းအခန်းဝင်ရှင်းပေးရင်းနဲ့
Diary ကိုအမှတ်မထင်ဖတ်ခဲ့မိလို့သာပေါ့
ငါသာမင်း Diary ကိုမတွေ့ခဲ့ရင် မင်း
ဘယ်ချိန်ထိ ငါ့ကိုဖုံးကွယ်ထားဦးမှာလဲ ?
ဟိုတခါမင်းငါ့ကိုအထူးအဆန်းတွေမေးက
တည်းက မင်းမှာချစ်ရမဲ့သူရှိနေပြီဆိုတာငါ
သိနေခဲ့တာ ဒါမဲ့ တနေ့ မင်းကိုယ်တိုင်ငါ့ကို
သူ့အကြောင်းနဲ့ပတ်သက်ပြီးတိုင်ပင်မဲ့နေ့ကို
ငါစောင့်နေတာ jimin ! "

Taehyung ကသူ့မျက်လုံးကိုတဲ့တဲ့
ကြည့်ပြီး အားပါလာသည်နှင့်တူ၏ ။
ပခုံးနှဖက်ကိုပါကိုင်လုပ်ရင်း ဒေါသများ
အားမလို မှုများပါရောယှက်နေလေသည် ။

ရုတ်တရက်ဖြစ်လို့ Taehyung လုပ်သမျှ
ကြောင်နေရင်းနဲ့အသိပြန်ဝင်လာတော့
Taehyungကသူ့ကိုစိုက်ကြည့်ပြီး အသက်
ပြင်းပြင်းရှူနေသည် ။

နှယောက်ကြားတိတ်ဆိတ်မှုကကြီးစိုးသွား
သလို မျက်တောင်များကိုလဲပုတ်ခတ်ပုတ်ခတ်
လုပ်နေရသေးသည် ။

Taehyung တခါမှဤမျှလောက်ဒေါသ
ထွက်နေတာမမြင်ဖူးပါ ။
Taehyung စိတ်ဆိုးမှာကိုလဲသေမ
လောက်ကြောက်ပါသည် ။

Taehyung ကိုလဲသေမလောက်ချစ်ပါ
သည် ။

" Park jiminငါကမင်းရဲ့အချစ်ဆုံး
သူငယ်ချင်းလို့ထင်ထားခဲ့တာ "

ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now