11

5.7K 705 51
                                    


Zawgyi

....
....

Black Coffee

....

" Gi သူသိပ်ရက်စက်တယ်ဟာ ငါလေသူ့ကို
သိပ်ချစ်တာသူသိရဲ့သားနဲ့ "

တဖက်သတ်ချစ်ရသူမိန်းကလေး၏ရင်တွင်း
ခံစားချက်များကို ဝေမျှခံစားပေးနိုင်လောက်
တဲ့အထိ သူမရင့်ကျက်နိုင်သေးပါ ။

သို့သော်ငြားကိုယ့်ရင်ထဲကဝေဒနာကိုလျစ်လျူရှုလို့သူ့ရင်ထဲကဝေဒနာကိုသက်သာစေချင်
သည်မှာစိတ်ရင်းအမှန် ။

ဒီလောက်ကတော့ အချစ်ဆိုတဲ့အရာအတွက်
ပေးဆပ်သင့်သည်မဟုတ်ပါလား ။

" Eller စိတ်အေးအေးထား ဘာဖြစ်တာလဲ
Hyung နင့်ကိုဘာလုပ်လိုက်တာလဲ ငါ့ကို
ပြော "

" သူ သူလုံးဝမကောင်းဘူးဟာငါ့လိုမိန်းကလေး
ကသူ့အတွက်ဘာတွေလိုအပ်ချက်ရှိနေလို့လဲ "

နင်မငိုပါနဲ့ Eller ရယ် ။ နင် မျက်ရည်တစက်
ကျတိုင်းငါ့ရင်ထဲမှာမျက်ရည်ပေါင်းများစွာစီး
ဆင်းနေလို့ ကျေးဇူးပြုပြီး နင်မငိုပါနဲ့လား ။

ဘယ်လောက်တောင်ခံစားနေရလို့ korea က
နေ သူရှိတဲ့ NewYork ကိုတောင်
လိုက်လာရတာ ။

နာမည်ကြီးမင်းသမီးတစ်ယောက်ရဲ့တာဝန်
ဝတ္တရားတွေကိုပျက်ကွက်ပြီးသူ့ဆီအား
ကိုးတကြီးပြေးလာတဲ့ Eller ကိုငြင်းဆို
ဖို့မစဉ်းစားရဲပါ ။

ဘယ်လိုပဲဖြစ်နေပါစေ။ အနည်းဆုံးတော့ သူ့ကို
သတိရလို့ပြေးလာခဲ့ရတာမဟုတ်ဘူးလား ။
ကျေနပ်ပါတယ် ။ သူ့စိတ်ထဲမှာ Min
Yoongi ဆိုတဲ့လူသားကျန်သေးတယ်လေ။

" Gi ! သူလေ ငါ့အပေါ်သိသိသာသာပြောင်း
လဲလာတယ် သူ့ သူ့မှာအသစ် ဟင့် ဟင့် "

"သေချာလို့လား Eller ရယ်
ငါ Hyung ဆီသွားပြီးသေချာအောင်မေးကြည့်
ဦးမယ်"

" ဟင့်အင်း ငါမလိုအပ်တော့ဘူး Gi "

မျက်ရည်တပေါက်ပေါက်ကျနေရင်းကနေ
ရုတ်တရက် အငိုရပ်သွားပြီး သူ့လက်ကို
ဆုပ်ကိုင်လာသော Eller ။

" ငါသူ့ကိုငါခံစားခဲ့ရသလိုပြန်ခံစားစေချင်
တယ် နင် နင်ငါ့ကိုကူညီပေးမလားဟင် "

ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now