20

5.7K 710 53
                                    


Zawgyii

....
....

Black Coffee

....

ဒီနေ့ရာသီဥတုကအတော်လေးသာယာ
နေသည် ။

တိမ်တွေကင်းစင်နေသောကောင်းကင်ပြာပြာ
ကြီးက ကြည်လင်နေသည်မှာ စိတ်ချမ်းသာ
ဖွယ်ဖြစ်သည် ။

ထို့အတူ ပန်းခြံအတွင်း မြက်ခင်းစိမ်းစိမ်း
ပေါ်မှာခြေပစ်လက်ပစ် လဲလျောင်းနေသော ကောင်လေးတစ်ယောက်ရဲ့စိတ်အစဉ်ဟာလဲ
အလွန်ပင်ကြည်နူးနေလေသည် ။

" jiminie ရေခဲမုန့်ရပြီ "

လဲလျောင်းနေသော သူ့အနားဝင်ထိုင်ရင်း
ရေခဲမုန့်ကမ်းပေးသော yoongi Hyung
ခေါ် သူ၏ချစ်သူ ။

Yoongi ကမ်းပေးသောရေခဲမုန့်ကိုဆွဲယူ
လိုက်ပြီး တင်ပျဉ်ခွေ ထိုင်နေသော yoongi
ပေါင်ပေါ် ခေါင်းအုံးလိုက်သည် ။

အလိုက်သိစွာ yoongi ကလဲ jimin
ခေါင်းနာမည်ဆိုးသောကြောင့် အပေါ်ထပ်
အင်္ကျီကိုချွတ်ကာ ပေါင်ပေါ်တွင်
ခေါင်းခုလုပ်ပေး၍ Jiminအား
ခေါင်းအုံးစေသည် ။

အခုဆို yoongi နဲ့ jimin တို့ချစ်သူသက်
တမ်း သုံးလကျော်ပြီဖြစ်သည် ။

ချစ်သူကာလ တလျှောက်လုံး
Hyung ကသူ့အပေါ်ချစ်သူတစ်ယောက်
တာဝန်ကျေပါသည် ။

တခြားသာမာန်ချစ်သူတွေလိုမျိုး စကားများတာ
ရန်ဖြစ်တာ သဝန်တိုတာမျိုးတော့ ထူးထူးခြား
ခြား Hyung ကမလုပ် ။
နဂို အနေအေးတာကြောင့်လားတော့မသိ ...
ချစ်စရာရှိတာချစ် ဂရုစိုက်စရာရှိတာ ဂရုစိုက်ပြ
ပြီးအတတ်နိုင်ဆုံး စိတ်ချမ်းသာအောင်တော့
ထားပေးသည် ။

တခါက Hyung သဝန်တို
စေရန်အရွဲ့တိုက်ပြီးဝန်ထမ်းကောင်မလေးတွေ
နဲ့ဟီးဟီးဟားဟား လုပ်ပြတာတောင် စိတ်ဆိုး
စိတ်ကောက်ခြင်းမရှိပေ ။

သူ့ကိုများတကယ်မချစ်ဖူးလားဆိုပြီး အကြိမ်
ကြိမ်သံသယဝင်ခဲ့ပေမဲ့ သူမျက်နှာမကောင်း
တိုင်း ရင်ခွင်ထဲဆွဲသွင်းထားတတ်တဲ့
ထိုရေခဲတုံးလူကြီးကြောင့် အရည်ပျော်ရစမြဲ ။

နှစ်ယောက်တည်း Date လုပ်တဲ့အချိန်တွေ
ဆိုလဲ သူကသာတက်တက်ကြွကြွရှိပေမဲ့
hyung မျက်နှာမကောင်း
တတ်ပေ ။ တခုခုကိုစိုးရိမ်နေသလို တွေတွေ
လေးမှိုင်နေတတ်သေးသည် ။

ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now