5

6.8K 816 38
                                    

....

Zawgyii

...
...

Black Coffee

....

"jimin ကလေးလေး "

ဆေးရုံလူနာခန်းထဲအရုပ်ကြိုးပျက်စွာအား
နည်းနေသောကိုယ်ခန္ဓာတို့ဖြင့် yoongi
ဒယိမ်းဒယိုင်ဝင်လာလေသည် ။

လူနာဝတ်စုံလေးဖြင့်ငြိမ်းချမ်းစွာအိပ်ပျော်နေ
သောကောင်လေးမှာ ဖြူစုတ်စုတ်လေးနှင့်
ပကတိအရုပ်ကလေးအိပ်ပျော်နေသည့်အလား ။

မှိတ်ထားသောမျက်ခွံဖောင်းဖောင်းအိအိလေး
ကိုလက်ညိုးလေးဖြင့်တို့ထိရင်း yoongi
ပြုံးမိသည် ။

ထိုမှတဆင့် ပါးပြင်ဖောင်းဖောင်းလေး ။
oxygen အကူအညီမလိုပါပဲလွတ်လပ်စွာ
အသက်ရှူသော နှာတံဖျားလေး ။
မေ့မျောနေသောကြောင့် ဖြူဖတ်ဖတ်ဖြစ်နေသည့်
နှုတ်ခမ်းလေးအား နူးညံ့စွာ ကိုင်မိသည် ။

ကိုယ်တိုင်တောင်မသိလိုက်ပါပဲ ကောင်လေး
ပါးပြင်ထက်ဝယ် သူ၏မျက်ရည်စက်
ကျဆင်းသွားသောအခါ ကပြာကယာသုတ်
ပေးမိပြန်သည် ။

ကုတင်ဘေးတွင်ဝင်ထိုင်လိုက်ရင်း ရင်ဘတ်
ပေါ်ယှက်တင်ထားသော လက်ဖောင်းဖောင်း
သေးသေးလေးအား yoongi လက်နှစ်
ဖက်ဖြင့်ဆုပ်ကိုင်ရင်း ကောင်လေးမျက်နှာ
အားတစိမ့်စိမ့်ထိုင်ကြည့်နေမိသည် ။

မျက်ရည်များကလဲတစိမ့်စိမ့် ကျဆင်းလို့
ပေါ့ ။

" နိုးထလာပါတော့ ကလေးလေးရယ်
ကိုယ်တောင်းပန်ချင်သေးတယ်လေ ခွင့်မ
လွှတ်ရင်နေပါ ကိုယ်ကလေးရဲ့အမုန်းတရား
တွေခံယူချင်သေးလို့ ဒီလောက်ပဲ အိပ်တော့
နော် ကလေး "

အဆတ်မပြတ်ကျဆင်းလာသောမျက်ရည်
များကိုသတိမမူဖြစ်တော့ ။

ရင်ထဲမှနာကျင်မှုများကစို့တက်လာတော့
yoongi ငိုနေရင်းပင် ရှိုက်သံများတောင်
ထွက်လာလေသည် ။

လက်လေးနှစ်ဖက်ကိုနဖူးပေါ်ဆုပ်ကိုင်ထားရင်း
စိုနင့်စွာတောင်းပန်နေမိတော့သည် ။
ကုတင်ပေါ်ကကောင်လေးကတော့
ထိုတောင်းပန်မှုတို့ကို လျစ်လျူရှုလျက် ။

နောင်တဆိုတာနောင်မှရတာမဟုတ်ပါလား ။

....

ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now