8

5.9K 773 38
                                    

....

Zawgyii

.

..

Black Coffee

...

ပြောင်းလဲလာသော Yoongi အပြုအမူတွေကြောင့် jimin အိမ်ပြန်လမ်းများမြူး ထူးနေသည် ။

cafeမသွားခင်အိမ်အရင်ပြန်ရေတွေဘာတွေ
ချိုးပြီး လန်းလန်းဆန်းဆန်းဖြစ်နေရမည် ။

ဒီနေ့ jimin စိတ်ကြည်နေသည် ။
ကြည်မှာပေါ့ ။ သူ့ရဲ့ Min yoongi ကြီးအရင်လို
သူ့ကိုသိပ်မဟောက်တော့ ။စကားတွေလဲ
အရင်ကထက်ပိုပြောလာကာဆက်ဆံရေးလဲအဆင်
ပြေလာပြီး နှစ်ယောက်သား နည်းနည်းရင်းနှီးလာပြီ
ဟုဆိုရပေမည် ။

ခုလဲ ညနေ ဆိုင်များလာမလားဆိုသော
အတွေးနှင့်တက်ကြွနေသည် ။
လာလာမလာလာ အတွေးနဲ့တင်ပျော်စရာ
ကောင်းသား ။

အိမ်တံခါးဖွင့်လိုက်တော့ ရင်ထဲအကောင်ပေါင်း
သောင်းခြောက်ထောင်ဝင်မွှေလိုက်သလား ။
Kim taehyung နဲ့မျက်နှာချင်းဆိုင်မှာ
ထိုင်နေသူက သူ့ရဲ့ Min yoongi ။

jimin ကိုယ့်မျက်လုံးပင်ကိုယ်မယုံချင်တော့။

" jimin ဘယ်တွေဝင်နေလို့ကြာနေ
တာလဲ ဒီမှာ မင်းသူဌေးတောင်ငါနဲ့စကား
ပြောနေတာကြာပြီ လာနှုတ်ဆက်ဦး "

တံခါးကိုကိုင်ပြီးခုထိအိမ်ထဲမဝင်သေးသော
သူ့ကို Taehyung ကအလိုက်ကန်းဆိုး
မသိစွာလှမ်းအော်တော့သည်။

သူလဲ Taehyung
ဘေးတွင်ဝင်ထိုင်လိုက်ပြီးအံ့သြနေသောမျက်
နှာကိုထိန်းကာနှုတ်ဆက်လိုက်သည် ။

" ရောက်နေတာကြာပြီလား သူဌေး
အေးဆေးထိုင်ဦးနော် အိမ်ကသေးတော့
အားနာပါတယ် "

" ရတယ် jimin ဒါ company မှမဟုတ်
တာ သူဌေးလို့ခေါ်စရာမလိုဘူး Hyung
လို့ပဲခေါ် "

အို ။ သူနားကြားများမှားသလား ။
ရှေ့မှာထိုင်နေတာ Min yoongi အစစ်
ရောဟုတ်ရဲ့လား ။
နေ့ချင်းညချင်းပြောင်းလဲသွားတဲ့ သူ့ပုံစံက
အံ့ဩစရာကောင်းလွန်းလှ၏ ။

" အံ့ဩမနေနဲ့ Jimin ရဲ့ Yoongi Hyung ကအပြင်
မှာသာအေးစက်စက် စိတ်ရင်းကျအရမ်းကောင်းတာ "

ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now