26

5.4K 689 56
                                    

Zawgyii

..
...
...

....

Black Coffee

.....

* ဝုန်း *

အိမ်ထဲ ဝုန်းဒိုင်းကြဲပြေးဝင်လာပြီး အခန်းတံခါး
ကို အသံပင်မြည်အောင် ဆွဲပိတ်သွားသော
Jimin ကြောင့် Taehyung ရေ
သောက်ရန်ပြင်နေသော လက်တို့ပင် ရပ်တန့်ကာ
ကြောင်နေမိသည် ။

Park jimin ဘာဖြစ်လာတာလဲ .... ။

ရေခွက်ကို ခ်ကာ jimin အခန်းတံခါး
သွားခေါက်လိုက်သည် ။

* Dok Dok *

" jimin ဘာဖြစ်လာတာလဲ "

* Dok Dok *

" ငါဝင်လာလို့ရမလား "

အခန်းတံခါးကို ဆက်တိုက်ခေါက်ကာ Taehyung မေးပေမဲ့ အထဲက တုံ့ပြန်သံမကြား ။

တစ်ခုခုတော့ ဖြစ်နေပြီလေ .... ။

" Park jimin မင်းတခုခုဖြစ်လာတာ
ငါသိတယ်.... မင်းတံခါးကိုလာဖွင့်မလား
ငါကိုယ်တိုင် ရိုက်ဖွင့်ရမလား "

မတတ်နိုင် .... ဒီလောက်တောင် တံခါး
ခေါက်ပြီး သူအပြင်ကအော်နေတာကို ပုံမှန်
Park jimin သာဆို ဆဲလွှတ်တာကြာပေါ့။

အခုကေတာ့ တကယ်ပုံမှန်မဟုတ် ။

" လော့ခ် ခ်မထားဘူး "

အထဲကလှမ်းအော်သော jimin အသံ
တို့မှာတုန်တုန်ယင်ယင် ။

Taehyung စိုးရိမ္ကာ ခပ်မြန်မြန်သူ့အခန်း
ထဲပြေးဝင်တော့ စာကြည့်ခုံပေါ်မှာ
ငုတ်တုပ်ထိုင်ကာ စာတစ်စောင်ရေးနေသော
Jimin ။

သူ့အနား လျှောက်သွားကာ ငုံ့ကြည့်တော့
သူ့မျက်ဝန်းမှာ မျက်ရည်စတွေ ။

" ဘာဖြစ်လာတာလဲ jimin.... ဘာဖြစ်လို့
ငိုနေတာလဲ "

Taehyung ကုတင်ပေါ် တင်ပါးလွှဲထိုင်
ကာ jimin ပခုံးကိုဆွဲလှုပ်ရင်း
မေးလိုက်သည် ။

သို့သော် အသက်မပါတဲ့ အရုပ္ကို ကိုင်နေ
ရသည့်အတိုင်း ဖျော့တော့သော ခန္တာကိုယ်လေးမှာ
ပျော့ဖတ်လို့သူဆွဲလှုပ်တိုင်း ရမ်းရမ်းလာသည် ။

" jimin ဘာဖြစ်လာတာလဲဆို ...ငါစိတ္ပူ
အောင်မလုပ်နဲ့တော့ "

Taehyung မည်မျှပြောဆို လှုပ်ရမ်းနေ
ပါစေ ၊ jimin မှာအသက်မဲ့နေသလို
Taehyung ကိုဂရုမစိုက် လက်ထဲက
ဘောပင်ကိုဆုပ်ကိုင်၍ စာရွက်ကိုသာ
အာရုံစိုက်နေသည် ။

ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now