Zawgyi
....
....Black Coffee
....
"jimin အဲ့ဒါဘာတွေလဲ "
" ပြန်လာပြီလား Taehyung "
" အင်း Deli လား "
အထုပ်တွေနဲ့ Taehyung ကိုအပေါက်ဝ
မှဖယ်ပေးရင်း ထိုပစ္စည်းတွေနဲ့လူအားဘာလုပ်ရမှန်းမသိ။" ဒီကအကို park jimin လက်ခံ
ရကြောင်း လက်မှတ်လေးထိုးပေးပါလား
ကျွန်တော်အလုပ်လေးရှိလို့ပါ "" အော် အင်း ဒါနဲ့ဘယ်သူလို့ပြောလိုက်လဲ"
" ဘာမှမပြောပါဘူးခင်ဗျ ကျွန်တော်တို့
ပစ္စည်းပို့တဲ့ နေရာဆီလာပို့သွားတာ"" အော် အင်းအင်း "
ထိုလူ့ဆီမှ ပန်းစည်းနဲ့ သစ်သီးခြင်းကို
လက်လွှဲယူ၍ လက်မှတ်ထိုးပေးလိုက်သည် ။ထိုလူကတော့သူ့အလုပ်ပြီးလို့ပြန်
သွားလေသည် ။
တံခါးပိတ်၍အိမ်ထဲဝင်တော့ ..." အမလေး လန့်လိုက်တာ Taehyung ရယ်
ဘာလို့အဝတ်မလဲဘဲ ဒီတိုင်း ရပ်နေတာလဲ "" ထူးဆန်းလို့ ရပ်ကြည့်နေတာ မင်းကို
ပန်းစည်းနဲ့သစ်သီးခြင်းလာပို့ပေးတာဆိုတော့
မိန်းကလေးနဲ့မှားနေသလားလို့ "" တော်တော့ Kim taehyung ...
အဝတ်သွားလဲ ရေသွားချိုးတော့ ဘာစား
ပြီးပြီလဲ ငါ ဂင်ချီထမင်းကြော် လုပ်ထားတယ် "" အား..အတော်ပဲ ငါလဲဘာမှစားမလာ
ရသေးဘူး ဗိုက်ဆာနေတာ "" ဗိုက်ဆာရင်လဲ ရေမြန်မြန်ချိုး
ငါလဲမစားရသေးဘူး မင်းကို
စောင့်နေတာ "" Arigoo ချစ်ဖို့ကောင်းလိုက်တဲ့ သူငယ်
ချင်းလေး အိုကေ ငါရေမြန်မြန်သွားချိုးပြီ "ပါးကိုဆွဲဖျစ်၍ Taehyung အခန်းထဲ
ဝင်သွားတော့မှ လက်ထဲကိုင်ထားသော
ပန်းစည်းနှင့် သစ်သီးခြင်းကိုကြည့်မိသည် ။ဘယ်သူပေးတာပါလိမ့် လို့စဉ်းစားပြီး တွေးကြည့်
တော့ ကိုယ့်ကို ပါဆယ်ပို့စရာလူကမရှိ ။ပန်းစည်းကိုယူ၍ သေချာကြည့်လိုက်တော့
lobelia ( အပြာရောင်အပွင့်ပွင့်သော
ပန်းတမျိုး ) ပန်းပဲ ။
YOU ARE READING
ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)