34 ( Ending )

10.6K 869 222
                                    

Zawgyii

...
...
...

....

Black Coffee

.....

အချစ်သည် ခန့်မှန်းရခက်၏....။

ဘယ်သူကထင်မှာလဲ....
Min Yoongi ဆိုတဲ့သူဟာ
Park jimin ဆိုတဲ့ဒီကောင်လေးကို
ချစ်မိသွားလိမ့်မယ်လို့.... ။

တကယ်ဆို ကိုယ်ဟာ သူ့ကို အမုန်းကအစ
အချစ်အဆုံး.....။
မုန်းနေတုန်းကလဲ သူ့ကိုအငြိုးနဲ့ရက်စက်လိုက်ရမှ....။
ချစ်ပြန်တော့လဲ သူမရှိရင် ကိုယ့်ဘဝသေဆုံး
သလို သူမွသူ ဖြစ်နေပြန်သည်... ။

အချစ်သည် ဆန်းကြယ်၏...။
ထို့အတူ အချစ်သည် Park jimin ဖြစ်၏။

လက်ထဲကိုင်ထားသော ကတ္တီပါသားဖြင့်ပြုလုပ်ထားသော
ဗူးအပြာရောင်လေးကို ကြည့်မဝဖြစ်နေသည်မှာ.... ။

ထိုင်နေရာမှထကာ အခန်းတွင်းလှည့်လည်
ကြည့်ရှုလိုက်သည်.... ။

နေရာတိုင်းမှာ ကေလး ပုံလေးတွေ....
တွဲလောင်းချိတ်ထားသော မိုးပြာရောင်ပူဖောင်း
လေးတွေနဲ့ ဖဲကြိုးအပြာလေးတွေ..... ။

အလှဆင်ဖယောင်းတိုင်မီးလေးတွေနှင့်
ရင်ထဲကလာသော စာတန်းလေးအား
ပုံဖော်ထားသော အသဲပုံစည်းဝိုင်လေး....။

အပြာရောင်ကြိုက်သောကလေးအတွက်
Lobelia ပန်းလေးတွေကို အခန်းတစ်ခု
လုံးခင်းကျင်းထားသည်....။

နူးညံ့ခြင်းအပြည့် မြတ်နိုးခြင်းအပြည့်လွှမ်း
ခြုံနေသော Yoongi စိတ်တိုင်းကျ
ပြင်ဆင်ထားသော ဤအခန်းငယ်လေးသည်
Yoongi အချစ်များဖြင့်အသက်ဝင်ကာလှပ
နေသည်....။

နောက်ဆုံးစိတ်တိုင်းကျသွားမှကလေးရှိရာ
မီးဖိုခန်းထဲလျှောက်သွားလိုက်သည်....။

သူ့ကိုအတင်းဆွဲခေါ်လာပြီး Coffee ဖျော်
ခိုင်းလို့ထင်ရဲ့ ။ ဆူပုတ်နေသော မျက်နှာလေး
ကတခြမ်းစောင်းမြင်နေရသူ Yoongi
အဖို့ အတော်ပင် ချစ်စရာကောင်းလှသည်...။

နှုတ်ခမ်းလုံးလုံးလေးကိုထော်ကာ ထော်ကာဖြင့်
ပါးစပ်မှလဲပွစိပွစိ ရေရွတ်နေသေးသည်ကိုကြည့်၍
အသဲယားလာသည်....။

ထို့ကြောင့် လှုပ်လှုပ် လှုပ်လှုပ် ဖြစ်နေသော
ကိုယ်ငယ်လေးအား မြတ်နိုးစွာ ခါးနောက်မှသိုင်းယှက်
၍ပခုံးပေါ်မေးတင်စေတော့.....။

ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now