13

5.3K 718 42
                                    

Zawgyii

....
....

Black Coffee

....

လိုက်ကာစမှတိုးထွက်လာသောနေရောင်နွေး
နွေးကကုတင်ထက်အေးချမ်းစွာအိပ်ပျော်
နေသော jimin မျက်နှာပေါ်သို့အလိုက်မသိစွာ
ကျရောက်လာသည် ။

မနက် 7:00 နာရီထိုးလင့်ပြီ ။

ကုတင်ဘေးစားပွဲပေါ် မှနှိုးစက်ကလဲအချိန်မှန်
မြည်တီးလျက်။

အိပ်ချင်မပြေသေးသောမျက်လုံးတို့ကို အားယူ
ဖွင့်လိုက်ပြီးရှုပ်ပွနေသောဆံပင်
များအားလက်နှစ်ဖက်ဖြင့်ထိုးဖွလိုက်သည် ။

ညက အရှိန်ကြောင့် ခေါင်းကလဲ တဆစ်ဆစ်။
ကုတင်ပေါ်မှထထိုင်လိုက်ပြီး အခန်းတွင်းဝေ့
ဝိုက်ကြည့်လိုက်တော့မရင်းနှီးသည့် အခန်းစိမ်းတစ်ခု ။

ဟုတ်သားပဲ ။ ဒါ သူ့အခန်းမဟုတ် Min
Yoongi အခန်းစင်စစ် ။

ထိုင်နေလို့တော့မဖြစ်ချေ ။ ကပျာကယာ
အိပ်ရာပေါ်မှထကာ ကပိုကရိုဖြစ်နေသော
အင်္ကျီတို့ကို ဆွဲချတော့ ။

" jimin နိုးလာပြီလား "

တံခါးပေါက်ဝကနေရပ်ပြီး အခန်းဘောင်ကိုမှီကာ
သူ့ကိုပြုံး၍ကြည့်နေသော yoongi ။
အားကစားဘောင်းဘီ အနက်စင်းကျားကို
Hoddie အဖြူရောင်နဲ့လိုက်ဖက်စွာတွဲဝတ်
ထားကာ အဖြူရောင်ဆံပင်တို့ကို ဖြစ်သလိုချ
ထားသောကြောင့် မြင်နေကျပုံစံများနှင့်မတူ ။

အိမ်နေရင်း free style လေးနဲ့ပိုလိုက်သည်ဟုဆို
ရမည် ။ လူငယ်က လူငယ်ပုံစံခုမှပေါက်တော့တယ် ။

" ပြန်မလို့ပြင်နေတာလား မပြန်နဲ့တော့ ...
မနက်စာ စားသွား ကိုယ်အစောကြီးထပြင်
ထားရတာ jimin စားမသွားရင်စိတ်မ
ကောင်းဖြစ်နေတော့မှာနော်"

ဘုရားရေ ။
ဒါအိမ်မက်မဟုတ်ပါဖူးနော် ။
jiminကိုယ့်မျက်လုံးကိုမယုံချင်။
သူ့ကိုယ်သူ " ကိုယ် " တဲ့ ။ ပြီးတော့
နှာခေါင်းကိုရှုံ့ပြီး ငြူစူသွားသော yoongi
ပုံစံက တကယ်ကို သူ့အား မနက်စာ
စားစေချင်တဲ့သဘောထား ။

ခုသူ့ရှေ့မှာရပ်နေတာက သူသိတဲ့
Min Yoongi မှဟုတ်ပါလေစ ။

အံ့ဩနေသောအမူအရာတို့ကိုပြန်လည်ချုပ်တည်းရင်း ။

ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now