12

5.2K 757 36
                                    

Zawgyi

....
.

...

Black Coffee

....

မမြင်ချင်တဲ့လူတစ်ယောက်ကိုနေ့တိုင်းမြင်နေ
ရတာလောက်ပင်ပန်းတာမရှိ ။

သူ့မျက်နှာကိုတွေ့တိုင်း မေမေကိုသတိရမိ
သလို ပြောင်းလဲသွားတဲ့ Hyung ကိုလဲ
စိတ်နာမိသည် ။

Eller ? အဟင်း ချစ်ရတဲ့မိန်းကလေးကပါ
သူ့ကိုအစားထိုးသွားတာ ။

ထို့ကြောင့် Park Jimin ဆိုတဲ့ကောင်လေး
ရဲ့တည်ရှိမှုကိုပျက်စီးစေချင်ပါသည် ။

သူလွန်သွားလား ? ဟင့်အင်း မလွန်ပါဘူး ?
ငယ်ငယ်ထဲကအငြိုးတေးမှတ်ကြီးသူမို့ ။

တဇွတ်ထိုးလုပ်တတ်သူပီပီ ဒေါသကြီးသူပီပီ
ထိုကောင်လေးအပြုအမူတိုင်းဟာ သူ့အတွက်
ကန့်လန့်ဖြတ် ။

သူ့လက်အောက်မှာထားပြီး Hyung ရဲ့
ကောင်းကွက်လေးတွေကိုပိုပြပေးမည်လေ ။
လက်ရှိသူ့လက်အောက်မှာ အရင်ခံစားပေးဦး ။

Hyung နဲ့ company အလွှဲအပြောင်း
လေးတွေကြောင့် မိတ်ဆက်ပွဲတစ်ခုသို့တက်
ရောက်ရမည် ။

မိတ်ဆက်ပွဲတွင် ကောင်လေးကို သူ့အဆင့်
သူသိအောင် ပြမည်ဟုတွေးထားသော်လဲ
Eller နဲ့ဆုံဖြစ်သောကြောင့် အစီစဉ်လွဲချော်
ခဲ့ရပြန်သည် ။

မင်းပဲကံတွေစွတ်ကောင်းနေတာလား ?

ထိုနေ့ကစပြီး ကောင်လေးပေါ်မှာ လိုတာထက်
ပို၍နိုင်ထက်စီးနင်းဆက်ဆံခဲ့သည် ။

သို့သော် park jimin ကတော့ပြုံးပြုံးပင်။

တနေ့ သူ့ cafe သို့ Eller နဲ့အတူသွား
ထိုင်ဖြစ်သည် ။
Eller ရှေ့တွင်ကောင်လေးအား သူဘယ်လို
ပုံသွင်းထားလဲဆိုတာ သက်သေပြချင်မိသည် ။

သို့သော် ရုတ်တရက်ကျရောက်လာသော
Eller အနမ်းကိုမှင်သက်နေမိချိန်
ခွမ်း ဆိုသောအသံနဲ့အတူ ထိုကောင်လေး
လက်ထဲ ဖန်ခွက်အပိုင်းအစတွေနဲ့ပါးပေါ်က
မျက်ရည်တွေကိုမြင်ဖြစ်အောင်မြင်လိုက်ပါ
သေးသည် ။

Jimin သူငယ်ချင်းဆိုသူကိုတွေ့လိုက်မှ ကြံစည်ထားသော planတို့နောက်တကြိမ်လွဲ
ချော်ခဲ့ရပြန်သည် ။

ʙʟᴀᴄᴋ ᴄᴏғғᴇᴇ // (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now