Chapter 9.1.2

21.6K 1.7K 17
                                    

ကျိုးယွင်ရှန့် ခန္ဓာကိုယ်တစ်ခုလုံးကို အဖြူရောင်ဝိဥာဉ်စွမ်းအားနဲ့လွှမ်းခြုံလိုက်ပြီး လိန်ချွမ်းရှိရာကို တဖြေးဖြေးချင်းတိုးကပ်သွားတယ်။ အခန်းထဲရှိလူအားလုံးဟာ ဒေါက်တာပိုင်ရဲ့အခြေအနေကိုမြင်တဲ့အချိန်မှာ ဖော်ပြလို့မရနိုင်လောက်အောင်ကို အံ့သြတုန်လှုပ်သွားကြတယ်။ ဒါ...ဒဏ္ဍာရီလာ King Level စွမ်းအားပဲ။ တကယ်လို့ လူတစ်ယောက်ဟာ ဒီအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ပြီဆိုရင် ကိုယ်ပိုင်ဝိဥာဉ်နယ်မြေတစ်ခုကို စိတ်ကြိုက်ဖန်တီးနိုင်ပြီး ထိုဝိဥာဉ်နယ်မြေကိုလဲ ဘယ်သူမှမမြင်တွေ့နိုင်အောင် ကွယ်ဖျောက်ထားနိုင်တယ်။

ဝမ်းနည်းစရာကောင်းစွာနဲ့ပဲ ယနေ့မတိုင်ခင်အထိ ဘယ်လူသားမျိုးနွယ်ကမှ ထိုအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်သူမရှိခဲ့သေးဘူး။ ဒါပေမယ့် ဒေါက်တာပိုင်ရဲ့အခြေအနေကို ဘာလို့ King Level လို့တပ်အပ်ပြောနိုင်တာလဲဆိုရင် အရင်တုန်းက King Level Zombie တစ်ကောင်ဟာ ဒီသိပ္ပံဌာနထဲကို ၀င်ရောက်တိုက်ခိုက်ခဲ့ဖူးလို့ပဲ။ ထို Zombie ကို လက်နက်ကြီး ငါးခုနဲ့အတူ Level-10 အဆင့် စွမ်းအားရှင် 28 ယောက်စုပေါင်းပြီး အပြင်းအထန်ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာတောင်မှ အဲ့ဒီ Zombie ကို ဒဏ်ရာရအောင်မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးတော့ ထို Zombie ဟာ အလွယ်တကူပဲ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။

King Level အဆင့် စွမ်းအားရှင်တစ်ယောက်ဟာ သာမာန်တပ်သား အယောက်တစ်သန်းနဲ့ညီမျှတယ်။ အခုသူတို့အားလုံး လုံခြုံပြီ။

ဒေါက်တာပိုင်ကိုကြည့်နေကြတဲ့ အားလုံးရဲ့မျက်လုံးတွေဟာ မျှော်လင့်ချက်တွေကြောင့်တောက်ပနေတယ်။ လက်တွေ့အဖြေဟာလဲ သူတို့အားလုံးကို စိတ်မပျက်စေခဲ့ဘူး။ အဖြူရောင်ဝိဥာဉ်စွမ်းအားဟာ ခရမ်းရောင်မိုးကြိုးစွမ်းအားတွေကိုလွှမ်းခြုံသွားပြီး စွမ်းအားနှစ်ခုဟာ မိနစ်အတော်ကြာအောင် တစ်ခုနဲ့တစ်ခု အပြင်းအထန်တိုက်ခိုက်နေခဲ့တယ်။ နောက်ဆုံးမှာတော့ အဖြူရောင်စွမ်းအားက အနိုင်ရသွားပြီး ခရမ်းရောင်စွမ်းအားတွေဟာ လိန်ချွမ်းရဲ့ခန္ဓာကိုယ်ထဲကို ပြန်လည်တွန်းပို့ခံလိုက်ရတယ်။ ကျိုးယွင်ရှန့်ရဲ့ အဖြူရောင်ဝိဥာဉ်စွမ်းအားဟာလဲ မှိန်ဖျော့သွားပြီး စွမ်းအားတန်ပြန်သက်ရောက်မှုကြောင့် ကျိုးယွင်ရှန့်ရုတ်တရက်သွေးအန်တော့တယ်။

အမှောင်ထဲက [Face of the Devil]Where stories live. Discover now