Chapter 9.8.3

13.1K 1.8K 137
                                    

ကော်ကျစ်ရိန်ဘာမှဆက်မပြောနိုင်ခင်မှာပဲ လိန်ချွမ်းဆက်ပြောလိုက်တယ်။ "မင်း လူရာပေါင်းများစွာကို သတ်ခဲ့တယ်။ ပုဂ္ဂိုလ်ရေးအရမကျေနပ်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ပဲဖြစ်ဖြစ်၊ ကိုယ်ကျိုးစီးပွားနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် အကြောင်းပြချက်ပေါင်းစုံနဲ့သတ်ခဲ့တယ်။ ငါရော...ဘာထူးလို့ပဲ။ ငါကိုယ်၌လဲ လူတွေအများကြီး သတ်ခဲ့ဖူးတာပဲ။ ငါလူသတ်ခဲ့တဲ့အကြောင်းအရင်းတွေကလဲ မင်းနဲ့ထူးမခြားနားပဲ။ ငါတို့ရဲ့ယုတ်ညံ့တဲ့အကြောင်းပြချက်တွေနဲ့ယှဉ်ရင် ဒေါက်တာက လူတွေအများကြီးကိုကယ်တင်နိုင်ဖို့အတွက် အသက်တချို့ကိုသတ်ခဲ့ရတယ်။ မင်း သူ့ကို မကောင်းတဲ့လူလို့ပြောလို့ရမလား?? အနာဂတ်မျိုးဆက်တွေအတွက် မျှော်လင့်ချက်တွေယူဆောင်ခဲ့ပေးပြီးတော့မှ အဲ့ဒီလိုလူ ဒီလောက်ရက်ရက်စက်စက်အသတ်ခံလိုက်ရတာကို ငါ ဘာမှမတတ်နိုင်ပဲ ကြည့်ရုံပဲကြည့်နေခဲ့ရတာ၊ မင်းသာဆိုရင်ရော....သူ့ကို မုန်းနိုင်ဦးမှာလား?? အသိဥာဏ်ရှိတဲ့လူဆို ဒေါက်တာ့ကိုအသုံးချပြီး သတ်ပစ်လိုက်ဖို့ကို ဘယ်တော့မှပြောမှာမဟုတ်ဘူး"

လိန်ချွမ်း လက်ပေါ်မှာ ခရမ်းရောင်မိုးကြိုးတွေကိုစုဆောင်းလိုက်ပြီး အေးစက်စွာပြောလိုက်တယ်။ "ဒုတိယတစ်ကြိမ်ဆိုတာ လုံးဝရှိလာမှာမဟုတ်ဘူး။ ငါ မင်းအပေါ် အသက်တစ်ချောင်းအကြွေးတင်နေခဲ့တယ်ဆိုရင်တောင် မင်းကိုလဲ ငါသက်ညှာနေမှာမဟုတ်ဘူး!!!"

လိန်ချွမ်း ပြောပြီးတာနဲ့ လှည့်ထွက်လာလိုက်တယ်။ ခြေနှစ်လှမ်း လှမ်းပြီးချိန်မှာပဲ အမှောင်ရိပ်တစ်နေရာကိုကြည့်ရင်း အော်ပြောလိုက်တယ်။ "နားထောင်လို့ ဝပြီလား?? ဝပြီဆိုရင်လဲ သွားတော့!!"

ကျောက်လင်ဖုန်း အမှောင်ရိပ်ထဲကနေထွက်လာတယ်။ သူ့အမူအရာကတော့ အနည်းငယ်ရှက်ရွံနေဟန်ပေါ်တယ်။ ဇာတ်လမ်းအကြောင်းအရာက အခုလိုအလှည့်အပြောင်းတွေရှိလိမ့်မယ်လို့ သူမထင်ခဲ့ဘူး။ လိန်ချွမ်းက ဒေါက်တာ့ကို ဝိဥာဉ်ဘဝနဲ့အဖော်ပြုပေးခဲ့တာပဲ။ ဒါ့ကြောင့်ပဲ ဒေါက်တာ့အပေါ်မှာ ဘာအငြိုးအတေးမှမရှိခဲ့တာကိုး။ အရာအားလုံးကိုသိနေခဲ့တဲ့နောက် ဘယ်သူကရော ဒေါက်တာ့အပေါ်မုန်းနိုင်ဦးမှာလဲ?? မုန်းနေတယ်ဆိုရင်လဲ အဲ့ဒီလူက တစ်လောကလုံးကိုပျက်စီးစေချင်နေတဲ့အရူးပဲ ဖြစ်လိမ့်မယ်။

အမှောင်ထဲက [Face of the Devil]Where stories live. Discover now