Chapter 9.10.2

12.9K 1.6K 35
                                    

နောက်ဆိုရင် ဥက္ကာခဲမိုးတွေလဲ မကြာခဏရွာလာလိမ့်မယ်။ ဒါ့အပြင် လူသားတွေအနေနဲ့ တခြားသဘာဝကပ်ဆိုးတွေကိုလဲ မကြာခဏကြုံတွေ့ရလိမ့်မယ်။ လူသားမျိုးနွယ်ဆက်လက်ရှင်သန်နိုင်ရေးကလဲ ပိုပိုပြီးခက်ခဲလာလိမ့်မယ်။ လူတွေအတွက် သောက်စရာရေဆိုတာလဲရှိတော့မှာမဟုတ်ဘူး။ သန့်ရှင်းတဲ့သောက်သုံးရေမရကြတော့တဲ့လူသားတွေဟာ ကာလဝမ်းရောဂါလို ကပ်ရောဂါတွေရပြီး သေကြေပျက်ဆီးကြရလိမ့်မယ်။ စွမ်းအားရှင်တွေတောင် ဒီကပ်ဆိုးကြီးထဲက မလွတ်မြောက်နိုင်ဘူး။ မြေဆီလွှာကလဲ ဘာသီးပင်စားပင်မှမဖြစ်ထွန်းတော့တဲ့အပြင် မျိုးစေ့တွေကလဲ ဘယ်တော့မှအပင်ပေါက်လာနိုင်မှာမဟုတ်တော့ဘူး။

သောက်စရာရေမရှိ၊ စားစရာဆိုတာကလဲ ဗလာနတ္ထိဖြစ်နေချိန်မှာ တံခါးတစ်ဖက်မှာ Zombie တွေက အဆင်သင့်စောင့်နေကြလိမ့်မယ်။ ဒီနေ့အသက်ရှင်နေရင်တောင် မနက်ဖြန်သေမှာလားဆိုတာ သေချာမသိနိုင်ဘူး။ ဒီလိုအခြေအနေဆိုးကြီးမှာ လူသားတွေကရော ဆက်လက်ရှင်သန်လိုစိတ်ရှိပါ့ဦးမလား။ ဆက်လက်ရှင်သန်နိုင်စရာ ဘာမျှော်လင့်ချက်မှမရှိကြတော့တဲ့နောက် လူအမြောက်အများက ကိုယ်ကိုယ်အဆုံးစီရင်လိုက်ဖို့ပဲ ရွေးချယ်ကြလိမ့်မယ်။

ဒါပေမဲ့ လူသားတွေအနေနဲ့ အရာအားလုံးကို လက်မြှောက်အရှုံးပေးလုလုဖြစ်နေတဲ့အခြေအနေမှာပဲ B-Base က သတင်းကောင်းတစ်ခုကို ယူဆောင်လာပေးခဲ့တယ်။ ထိုသတင်းက လူသားအားလုံးဆက်လက်ရှင်သန်နိုင်ဖို့အတွက် မျှော်လင့်ချက်တစ်ခုဖြစ်လာတယ်။

B-Base ရဲ့သိပ္ပံပညာရှင်တွေဟာ ဥက္ကာခဲတွေထဲကနေ အလွန်ထူးခြားတဲ့သတ္တုဒြပ်ပေါင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်။ ထိုသတ္တုအမျိုးအစားတွေကို ကမ္ဘာမြေပေါ်မှာ တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ ဥက္ကာခဲတွေထဲကနေ သတ္တုဒြပ်ပေါင်းတွေကို ထုတ်ယူနိုင်မဲ့နည်းလမ်းကို ရှာဖွေတွေ့ရှိပြီးတဲ့နောက် ထိုသတ္တုဒြပ်ပေါင်းတွေကို မှန်တွေ၊ စတီးတွေ၊ ဘိလပ်မြေနဲ့ တခြားအရာတွေမှာရောစပ်ပြီး အဆောက်အဦးတွေကို ဆောက်လုပ်စေတယ်။

အဲ့ဒီအဆောက်အဦးတွေက အရမ်းခိုင်ခံ့လွန်းတာကြောင့် Level 11 ဒါမှမဟုတ် Level 12 အဆင့် Zombie တစ်ကောင်ကောင် လာရောက်တိုက်ခိုက်ရင်တောင် ထိုအဆောက်အဦးတွေက ကြံ့ကြံ့ခံကာကွယ်ထားနိုင်တယ်။ ဒီအချိန်ကနေစပြီးတော့ လူသားတွေဟာ ညအချိန်မတော် အိမ်ထဲကို Zombie တွေဖောက်ဝင်လာမှာကို ပူပန်နေစရာမလိုတော့ပဲ စိတ်အေးချမ်းသာစွာနဲ့ အိပ်စက်အနားယူနိုင်ကြတယ်။ တံခါးတွေ၊ ပြတင်းပေါက်တွေကိုသာ သေချာလုံခြုံအောင်ပိတ်ထားရင် ဘယ် Zombie ရဲ့ရန်ကိုမှ မှုစရာမလိုတော့ဘူး။

အမှောင်ထဲက [Face of the Devil]Where stories live. Discover now