Chapter 9.9.1

13.2K 1.7K 37
                                    

ကျိုးယွင်ရှန့်မနက်နိုးလာတဲ့အချိန်မှာ လည်ချောင်းထဲမှ အရမ်းကိုခြောက်သွေ့နေသလိုခံစားရတာကြောင့် ချောင်းဆိုးလိုက်မိတယ်။ ကော်ကျစ်ရိန်၊ ကျောက်လင်ဖုန်းနဲ့ လိန်ချွမ်းတို့သုံးယောက် ပစ္စည်းတွေကို ထုပ်ပိုးသိမ်းဆည်းနေရာကနေရပ်တန့်သွားပြီး ဒေါက်တာ့ကို အလန့်တကြားလှည့်ကြည့်ကြတယ်။ သူတို့မျက်နှာတွေက ကြောက်စရာအကောင်းဆုံးရန်သူကို ထိပ်တိုက်တွေ့လိုက်ရသလို ကြောက်လန့်သွားကြတဲ့အမူအရာမျိုးဖြစ်နေတယ်။

"ဒေါက်တာ!!! ဘာဖြစ်တာလဲ?? ဘယ်နား နေမကောင်းဖြစ်လို့လဲ?? ဘယ်နေရာမှာ နေလို့မကောင်းတာပဲဖြစ်ဖြစ် ကျိန်းသေပြောပြရမယ်နော် ဒေါက်တာ!!! ဒီအတိုင်း ဘာမှမပြောပဲမနေနဲ့နော်!!!" ကျောက်လင်ဖုန်း ဒေါက်တာ့ဘေးနားကိုချက်ချင်းရောက်လာပြီး ဒေါက်တာ့ကိုထူပေးရင်း အသည်းအသန်မေးလိုက်တယ်။ သူ့ရဲ့ ဒီအကြောက်တရားကို အရင်ဘဝထဲကရခဲ့တာ။ သူ ဒေါက်တာ့ဆီကနေ ချောင်းဆိုးတဲ့အသံကြားရမှာကို အရမ်းကြောက်တယ်။

ကျောက်လင်ဖုန်းတင်မဟုတ်ဘူး။ လိန်ချွမ်းလဲ ပြာယာခတ်သွားတယ်။ လိန်ချွမ်း ဒေါက်တာ့ဘေးနားကို အမြန်ဆုံးရောက်သွားပြီး လက်တစ်ဖက်ကို ဒေါက်တာ့နောက်ကျောမှာကပ်လိုက်ကာ Healing စွမ်းအားတွေကို လွှဲပြောင်းပေးလိုက်တယ်။ ဒါပေမယ့် သူ့စွမ်းအားတွေ ဘယ်လောက်ပဲလွှဲပေးလွှဲပေး၊ ဒေါက်တာ့ရဲ့မျက်နှာက လုံးဝဖြူဆုပ်နေဆဲပဲ။ ဒေါက်တာ့အခြေအနေက နည်းနည်းလေးတောင် တိုးတက်မလာဘူး။

ဝိဥာဉ်ထိခိုက်မှုကြောင့်ဖြစ်လာတဲ့ ခန္ဓာကိုယ်အားနည်းမှုကို ပြင်ပက ဘယ်လိုစွမ်းအားမျိုးနဲ့မှ မပြုပြင်ပေးနိုင်ဘူး။

"ကျေးဇူးပဲ။ ဒါပေမယ့် ကျုပ်ကိုကုပေးဖို့ကို လက်လျှော့လိုက်ပါတော့။ ကျုပ်ကိုထဲကနေ Bloodvine တွေကို တွန်းထုတ်လိုက်တုန်းက ကျုပ်ရဲ့ဝိဥာဉ်စွမ်းအားလဲ လုံးဝပြန်မကောင်းနိုင်တော့လောက်အောင်ကို ပျက်ဆီးသွားပြီ"

လိန်ချွမ်းတစ်ကိုယ်လုံး တောင့်တင်းသွားတယ်။ အခြေအနေတွေက ထင်ထားတာထက်ကို ပြင်းထန်နေလိမ့်မယ်လို့ သူမထင်ခဲ့မိဘူး။ လုံးဝပြန်မကောင်းနိုင်တော့ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ?? ဒါဆို ဒေါက်တာက အရင်ဘဝကလိုပဲ လူသားမျိုးနွယ်ကိုကယ်တင်ဖို့အတွက် သူ့ရဲ့ချိနဲ့နေတဲ့ခန္ဓာကိုယ်ကိုတရွတ်ဆွဲပြီး စမ်းသပ်မှုတွေကို အချိန်ပြည့်လုပ်ဆောင်ရဦးမှာလား??

အမှောင်ထဲက [Face of the Devil]Where stories live. Discover now