Chapter 9.6.3

12.9K 1.7K 114
                                    

အန္တရာယ်လို့ခံစားမိလိုက်တာနဲ့တစ်ပြိုင်နက် ကျိုးယွင်ရှန့်ဟာ အနားကစင်ပေါ်ကို အမြန်ဆုံးပြေးတက်လိုက်တယ်။ သူသာ စက္ကန့်ပိုင်းလောက်နောက်ကျသွားရင် အခုလောက်ဆို အသက်ပျောက်နေလောက်ပြီ။ ကျိုးယွင်ရှန့် စင်အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ အစွယ်တဝင်းဝင်းနဲ့ အမွှေးပွခွေးလေးတစ်ကောင်ဟာ သူ့လည်ပင်းကို စူးစူးရဲရဲစိုက်ကြည့်နေပြီး စူးစူးဝါးဝါးထိုးဟောင်နေတာတွေ့ရတယ်။ ခွေးဟောင်သံဟာ အနီးအနားက Zombie တွေကိုပါ ဆွဲဆောင်နေတယ်။

ထိုခွေးပုလေးဟာ တကယ်တော့ ရောဂါပိုးကူးစက်ခံထားရပြီး Zombie ခွေးတစ်ကောင်ဖြစ်နေပြီ။ ခွေးလေးရဲ့ ပါးစပ်တစ်ခုလုံးပုပ်ပွနေပြီး သွားချွန်ချွန်တွေကိုပါ အတိုင်းသားမြင်နေရတယ်။ မဲနက်ရှည်လျှားတဲ့ခြေသည်းတွေက ကောက်ကွေးနေပြီး အနည်းငယ်ကုတ်ခြစ်မိရင်တောင် အသားတွေကို တစ်စစီစုတ်ဖြဲပစ်နိုင်လောက်တယ်။

ထိုခွေးလေးက အကောင်သေးငယ်တဲ့အပြင် တခြားမွှေးပွအရုပ်တွေကြားရောနေတဲ့အတွက် ကျောက်လင်ဖုန်းအာရုံခံတုန်းက မတွေ့လိုက်တာပဲဖြစ်တယ်။

ကျိုးယွင်ရှန့်ဟာ သွေးတွေရွှဲနစ်နေတဲ့ လက်မောင်းကဒဏ်ရာကို တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။ မျက်စိရှေ့မှာတင် သွေးအရောင်က အနီရောင်ကနေ တဖြည်းဖြည်းနဲ့ အနက်ရောင်ပြောင်းလာတာတွေ့ရတယ်။ ကျိုးယွင်ရှန့်ဟာ ရုတ်တရက် မိုးနတ်မင်းကိုပါ ကျိန်ဆဲချင်လာတယ်။ ဒီလောကမှာ သူ့ကို Zombie ဘဝပြောင်းသွားမယ့်ဘေးကနေကယ်တင်နိုင်တာဆိုလို့ လိန်ချွမ်းတစ်ယောက်ပဲရှိတယ်။ ဒါပေမယ့် အဲ့ဒီလူနဲ့သူနဲ့ကြားမှာလဲ မပြေနိုင်တဲ့ရန်ငြိုးရန်စတွေ ရှိနေပြန်တယ်။ တကယ်လို့ သူ့အနေနဲ့ Zombie ဗိုင်းရပ်ပိုး ကူးစက်ခံရတယ်ဆိုတာသာသိခဲ့ရင် လိန်ချွမ်းတစ်ယောက် လက်ခုပ်လက်ဝါးတီးပြီးပျော်နေလောက်ပြီ။

ချီးပဲ! သူ့ဝိဥာဉ်စွမ်းအားတွေကို အမြောက်အများအသုံးပြုလိုက်ရတာတောင်မှ တာဝန်က မအောင်မြင်နိုင်သေးဘူး။ ကျိုးယွင်ရှန့်ဟာ ပစ်ပစ်နှစ်နှစ်ကျိန်ဆဲနေမိတယ်။ သူ့အနေနဲ့ ဒီကမ္ဘာကိုစွန့်ပစ်ပြီး ကြယ်ပင်လယ်ဆီပြန်သွားသင့်၊ မသွားသင့်ကိုပါ စဉ်းစားရပြီ။

အမှောင်ထဲက [Face of the Devil]Where stories live. Discover now