Chapter 9.10.3

12.6K 1.7K 90
                                    

စုံစမ်းမေးမြန်းမှုအချို့ပြုလုပ်ပြီးသွားတဲ့အခါ တံခါးစောင့်တပ်သားတွေဟာ လိန်ချွမ်းတို့တပ်ဖွဲ့ကို ဝင်ခွင့်ပြုလိုက်တယ်။ Base ခေါင်းဆောင် ကျန်းယွမ်ရှန်းကတော့ ဒီရက်ပိုင်းခံစားနေရတဲ့စိတ်ဖိစီးမှုတွေကြောင့် သူ့ခင်ဗျာ ထိပ်ပြောင်လုနီးနီးဖြစ်နေပြီ။ အဲ့ဒါကြောင့် လိန်ချွမ်းနဲ့ ကော်ကျစ်ရိန်တို့ရောက်လာတာကိုမြင်တဲ့အခါ တကယ့်သားသမီးအရင်းအချာတွေရောက်လာသလို မျက်ရည်လည်ရွှဲနဲ့ ဝမ်းသာအားရပြေးဖက်ရှာတယ်။

"မင်းတို့ တကယ့်အချိန်ကိုက် ရောက်လာတာပဲ။ ကျုပ်က Base ကို ကာကွယ်ဖို့အသင့်ပြင်နေတာ" ခေါင်းဆောင်ကျန်းက ခါးပေါ်ကပစ္စတိုကိုပုတ်ပြရင်း ပြောလိုက်တယ်။ တကယ်လို့ သူ့အနေနဲ့ Base ကိုသာ မကာကွယ်နိုင်တော့ဘူးဆိုရင် သူ့အတွက် နောက်ဆုံးကျည်ဆံကိုချန်ထားဖို့အတွက်တောင် ဆုံးဖြတ်ပြီးသွားပြီ။ သူသေရမယ်ဆိုရင်တောင် မကောင်းဆိုးဝါး Zombie တစ်ကောင်တော့ လုံးဝဖြစ်မလာစေရဘူး။

လွန်ခဲ့တဲ့ရက်အနည်းငယ်က Base မှာရှိတဲ့လူတွေထဲက ကျန်းမာသန်စွမ်းတဲ့သူတွေနဲ့ ကောင်းကောင်းမွန်မွန်သွားလာနိုင်တဲ့သူတွေကို ဘေးကင်းရာတွေမှာ သွားခိုလှုံခိုင်းထားပြီးပြီ။ Base မှာတော့ မကျန်းမာလို့ မသွားမလာနိုင်ဖြစ်နေတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ သူ့ရဲ့သစ္စာရှိ လူယုံလက်အောက်ငယ်သားတချို့သာ ကျန်ရှိတော့တယ်။

"ခင်ဗျားဒီမှာရှိနေတယ်ကြားလို့ ကျွန်တော်တို့တွေ ဒီကိုပဲတန်းလာခဲ့တာ။ Zombie အုပ်ကြီးရောက်လာတဲ့အချိန်ကျရင် ရင်ဆိုင်ဖို့အတွက် ကျွန်တော်တို့ညီအစ်ကိုတွေဆီမှာ လူအင်အားရော၊ လက်နက်အင်အားရော အလုံအလောက်ရှိနေတာပဲ" ကော်ကျစ်ရိန် ခေါင်းမော့ရင်ကော့ပြီး ဂုဏ်ယူနေတဲ့မျက်လုံးတွေနဲ့ ရင်ဘတ်ကိုတဘုန်းဘုန်းပုတ်ရင်း ပြောလိုက်တယ်။ ကော်ကျစ်ရိန်ရဲ့ ကလေးဆန်ဆန်အမူအရာကိုတွေ့တဲ့အခါ ခေါင်းဆောင်ကျန်း မရီပဲမနေနိုင်ဘူး။ ကျန်းယွမ်ရှန်း ယွင်ရှန့်ကိုကြည့်ပြီး စိတ်ထဲမတင်မကျဖြစ်နေတဲ့မေးခွန်းတစ်ခုကို ထုတ်မေးလိုက်မိတယ်။ ဘာလို့ဆို ခေါင်းဆောင်ကျန်းမျက်လုံးထဲမှာ ကျိုးယွင်ရှန့်ရဲ့ပုံစံက စစ်သားတစ်ယောက်ရဲ့အငွေ့အသက်တွေ လုံးဝရှိမနေဘူး။ "ဒါနဲ့... ဒီက ဆရာက??"

အမှောင်ထဲက [Face of the Devil]Where stories live. Discover now