Chapter 9.11.2

12.6K 1.7K 131
                                    

"ဘာတစ်ခုမှ လာမကိုင်နဲ့။ မင်းကို ဒေါက်တာ မောင်းထုတ်ပြီးပြီမဟုတ်ဘူးလား??" ကျောက်လင်ဖုန်း အရှေ့ကလူရဲ့တင်ပါးကို နာနာပိတ်ကန်ပစ်လိုက်ချင်တယ်။

ကော်ကျစ်ရိန်ကတော့ ကျောက်လင်ဖုန်းဘာပြောပြော အပြုံးတစ်စက်မှလျော့မသွားတဲ့အပြင် ကျောက်လင်ဖုန်းဘေးနားမှာလှည့်ပတ်လျှောက်ရင်း တစ်ခုပြီးတစ်ခု မရပ်မနားမေးနေတော့တယ်။ "ဒီဆေးရည်တွေက ဒေါက်တာတီထွင်ခဲ့မှန်း ငါ့ကိုဘာလို့မပြောတာလဲ?? ဒေါက်တာ တခြားဘာတွေတီထွင်ခဲ့သေးလဲ?? မင်းမသိလိုက်တဲ့တီထွင်မှုတွေရောရှိလား??" ဒေါက်တာက ဒီလောက်တော်မှန်းသာသိခဲ့ရင် သူ ဒေါက်တာ့ကို ပုလ္လင်ပေါ်တင်ပြီးတော့ကို ကိုးကွယ်ထားပါတယ်။

"ငါပြောပြလိုက်ရင် မင်းအလန့်လွန်ပြီးသေသွားလောက်တယ်" ကျောက်လင်ဖုန်း လျှို့ဝှက်နက်နဲစွာပြောလိုက်တယ်။ "ဒေါက်တာက နတ်ဆေးရည်တွေကိုတီထွင်ခဲ့ရုံတင်မကဘူး၊ သီးနှံပင်တွေကို ချက်ချင်းကြီးထွားလာစေတဲ့ဆေးတို့၊ နောက်ပြီး မသန့်တဲ့ရေတွေသောက်မိလို့ဖြစ်တဲ့ အဆိပ်သင့်သွေးမဲရောဂါကိုကုတဲ့ဆေးကိုလဲ ဒေါက်တာပဲတီထွင်ခဲ့တာ။ ဒေါက်တာပိုင်ရဲ့တန်ဖိုးက မင်းထင်ထားတာထက် အများကြီး ကြီးကျယ်မြင့်မြတ်တယ်"

ရေတွေကို ရေသန့်စင်ဆေးရည်နဲ့သန့်စင်ခဲ့တာတောင်မှ တချို့လူတွေမှာ ကပ်ရောဂါထက်ပိုကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုစွဲကပ်လာခဲ့တယ်။ အဲ့ဒီရောဂါကြောင့် ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့သွေးတွေဟာ အနက်ရောင်ပြောင်းသွားပြီး ထိုသူတွေရဲ့ခန္ဓာကိုယ်ကနေ မခံမရပ်နိုင်အောင်ဆိုးဝါးတဲ့ အပုပ်နံ့ဆိုးတွေထွက်လာတော့တယ်။ ရောဂါပိုးရှိတဲ့သူနဲ့ထိတွေ့မိတဲ့သူတွေမှာလဲ စွမ်းအားရှင်ဖြစ်နေရင်တောင်မှ ရောဂါကူးစက်နိုင်ခြေ 20% ရှိတယ်။

ဒီလိုအခြေအနေတွေကြောင့် လူသားမျိုးနွယ်ဟာ ပျက်ဆီးအံ့ဆဲဆဲအခြေအနေကိုထပ်ရောက်လာပြန်တယ်။ အဲ့ဒီအချိန်မှာပဲ တန်ခိုးရှင်လိုမျိုး ကယ်တင်ရှင်ဆေးတစ်မျိုးထွက်ပေါ်လာခဲ့တယ်။ ထိုဆေးရဲ့အစွမ်းထက်မှုက တစ်ကမ္ဘာလုံးကို အုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့တယ်။ ထိုအချိန်နဲ့ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ သီးနှံပင်တွေကိုအမြန်ကြီးထွားဖွံ့ဖြိုးစေတဲ့ဆေးရည်ပေါ်ထွက်လာပြီး လူတွေကို အငတ်ဘေးဆိုက်မဲ့အခြေအနေကနေ ကယ်တင်ပေးနိုင်ခဲ့ပြန်တယ်။

အမှောင်ထဲက [Face of the Devil]Where stories live. Discover now