Chapter 9.1.3

14.9K 1.7K 54
                                    

ကျိုးယွင်ရှန့် မျက်စိရှေ့ကအရာအားလုံးဟာ မြူတွေဆိုင်းနေသလို မှုန်ဝါးနေတယ်။ ကျိုးယွင်ရှန့် ကိုယ့်ကိုကိုယ်တစ်ခုခုမှားယွင်းနေသလိုခံစားရတယ်။ သူဟာ တစ်ခုခုကိုအတည်ပြုဖို့ လက်တစ်ဖက်ကို မျက်နှာရှေ့ဝေ့ရမ်းကြည့်လိုက်တယ်။ အမှန်ပဲ။ သူအခု မျက်စိမှုန်သွားတာ။ အတိအကျဆို အဝေးမှုန်သွားတာ။ကျိုးယွင်ရှန့် အဝေးမှုန်နေတာကို ပြုပြင်ဖို့ 007 ကိုစေခိုင်းလိုက်တယ်။

စွမ်းအားတွေဟာ ခန္ဓာကိုယ်အခြေခံဖွဲ့စည်းမှုကို တိုးတက်လာအောင် ပြုပြင်လို့ရပေမယ့် မွေးရာပါ အခြေအနေတွေကိုပြုပြင်ဖို့ဆိုရင်တော့ အနည်းဆုံးစွမ်းအားဟာ Level-6 နဲ့အထက်ရှိနေဖို့လိုတယ်။ ဒေါက်တာပိုင်ရဲ့စွမ်းအားက Level-5 ပဲရှိသေးတာကြောင့် အဝေးမှုန်နေတာကို သူ့ကိုယ်သူမပြုပြင်နိုင်သေးဘူး။ ဒါ့ကြောင့် သူဟာအမြဲတမ်းလိုလို မျက်မှန်ထူထူကြီးကိုတပ်ထားရတယ်။

ကျိုးယွင်ရှန့်ရဲ့အမြင်အာရုံက ခဏနေတော့ ပုံမှန်ပြန်ဖြစ်သွားတယ်။ သူ့ရဲ့အမြုတေက လုံးဝကြေမွသွားတာတော့မဟုတ်ပေမယ့် အက်ရာတွေတော့ အများကြီးဖြစ်သွားတယ်။ ပုံမှန်အတိုင်းပြန်ကောင်းလာနိုင်ဖို့ဆို အချိန်အတော်ကြာအောင်ကုသရမယ့်အပြင် စွမ်းအင်အများအပြားလိုအပ်တယ်။ ဒါပေမယ့် ဒီကမ္ဘာကြီးရဲ့အခြေအနေတွေက သူ့ကိုစက္ကန့်တိုင်းခြိမ်းခြောက်နေပြီး သူ့ကိုယ်သူကာကွယ်ဖို့တောင်အနိုင်နိုင်ဖြစ်နေချိန်မှာ ဒီအမြုတေကို အေးအေးဆေးဆေးထိုင်ကုနေဖို့ ဘယ်လိုလုပ်အချိန်ရှိပါ့မလဲ။

ဒါ့ကြောင့် ကာကွယ်ဆေး အမြန်ဆုံးအောင်မြင်မှဖြစ်မယ်။ အဲ့လိုမှမဟုတ်ရင် သူ့ဝိဥာဉ်စွမ်းအား လုံးဝကုန်ခမ်းသွားလိမ့်မယ်။ ဒီအကြောင်းကိုစဉ်းစားမိတာနဲ့ ကျိုးယွင်ရှန့်ဟာ ဆရာဝန်တွေအတင်းတားနေတဲ့ကြားက စမ်းသပ်ခန်းဆီကိုပြန်ပြေးဖို့ပြင်တော့တယ်။

စမ်းသပ်ခန်းဟာ ရှင်းလင်းနေပြီး ပျက်စီးသွားတဲ့နေရာအချို့ကိုတော့ တပ်သားတွေ ၀ိုင်းဝန်းပြင်ဆင်နေကြတယ်။ ဓာတ်ခွဲခန်းပညာရှင် တစ်ယောက်က လိန်ချွမ်းရဲ့ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ပေးနေတယ်။ လိန်ချွမ်းဟာ ကိုယ့်ကိုကိုယ်ဖောက်ခွဲလုနီးပါးဖြစ်သွားတဲ့အတွက် သူ့ခန္ဓာကိုယ်တစ်ခုလုံး ကျိုးပဲ့ကုန်တယ်။ Healing စွမ်းအားရှင်တွေစုပေါင်းပြီး တောက်လျှောက်ကုသပေးနေတာတောင် သူ့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်း သွေးယိုစီးမှုတွေက သက်သာမလာသေးဘူး။

အမှောင်ထဲက [Face of the Devil]Where stories live. Discover now