14.8K 1.1K 24
(Zawgyi)
Yue Qin လက်​ဖက်​ရည်​ဆိုင်​မှာ Luo Yangမြို့​လယ်​​ခေါင်​တွင်တည်​ရှိ​သော အထင်​ကရဆိုင်​များမှတစ်​ခုအပါအ၀င်​ဖြစ်​သည်​။ လွန်​ခဲ့​သော၁၀နှစ်​က ဤဆိုင်​​လေးသည်​ ယိုင်​နဲ့ ပျက်​စီး​နေ​သော ဆိုင်​ငယ်​​လေးသာဖြစ်​ခဲ့​သည်​။ ထိုဆိုင်​ စီးပွား​ရေးပြိုလဲလုလုအချိန်​တွင်​ ဆိုင်​ပိုင်​ရှင်​၏သမီးဖြစ်​သူ Chu Zhu Yuမှ နှစ်​အနည်းငယ်​အချိန်​​ပေး၍ဆိုင်​စီးပွား​ရေးအားပြန်​လည်​ ထူ​ထောင်​ရန်​ လိုလိုလားလား​ဆောင်​ရွက်​​ပေးခဲ့သည်​။
Chu Zhu Yu၏ ထူးကဲ​သော လက်​ဖက်​ရည်​အရသာအပြင်​ Yu Qin လက်​ဖက်​ရည်​ဆိုင်​၏ မှာယူရရှိနိုင်​သည့်​ ပစ္စည်းအမယ်​များမှာလည်း အခြားလက်​ဖက်​ရည်​ဆိုင်​များနှင့်​မတူ တမူထူးခြား​လေသည်​။ အမျိုးအစားစုံလင်​​သော လက်​ဖက်​ရည်​အရသာများ​ကြောင့်​ မြို့​တော်​၏စာသင်​သားများ လာ​ရောက်​စု​ဝေးရာအရပ်​ဖြစ်​လာခဲ့သည်​။ ထိုအချင်းအရာကပင်​ Yu Qinလက်​ဖက်​ရည်​ဆိုင်​၏ စီးပွား​ရေးတိုးတက်​ရာ အ​ကြောင်းတစ်​ခုဖြစ်​လာ​ခဲ့သည်​။
ထိုအချိန်​တွင်​ Chuမိသားစု ဧည့်​ခန်းတွင်းတွင်​ရှိ​နေ​သော Chu Zhu Yu၏မျက်​နှာတွင်​​တော့ ​ပျော်​ရွှင်​ခြင်းများအလျင်း​ပျောက်​ဆုံး​နေ၏။
သူမ၀တ်​ထား​သော အဝါ​ရောင်​ပိုးသားအင်္ကျီက သူမ၏ပြည့်ပြည့်ဖြိုးဖြိုးခန္ဓာကိုယ်​ကို ပို၍​ပေါ်လွင်​​စေသည်​။ သူမခန္ဓာကိုယ်​မှာ ပြည့်​ပြည့်​​ဖောင်း​ဖောင်းဖြစ်​​သော်​လည်း အဆီ​တော့မရှိ​ပေ။ သူမ၏​ နက်​​မှောင်​​နေ​သော မျက်​လုံး​လက်​လက်​​လေးများက လူနှစ်​​ယောက်​ကို ​ဒေါသဖြင့်​ကြည့်​နေသည်​​။
"ဦး​လေးက ဘာကိုဆိုလိုတာလဲ။"
"Zhu Yu ဘယ်​လိုပဲဖြစ်​ဖြစ်​ Yue Qinလက်​ဖက်​ရည်​ဆိုင်​က Chu မိသားစုရဲ့စီးပွား​ရေးလုပ်​ငန်း​လေ။ မင်းရဲ့ မျိုးရိုးနာမည်​က Chuဖြစ်​​နေ​ပေမဲ့ မင်း​ယောက်ျားယူပြီးရင်​ မင်းရဲ့က​လေး​တွေက Chuမိသားစုမျိုးရိုးကိုမဆက်​ခံနိုင်​ဘူး​လေ။ အဲ့​တော့ဒီလုပ်​ငန်းကို Chuမျိုးရိုးဖြစ်​မဲ့သူဆီကိုပဲ လွှဲပေးသင့်​ပြီ​လေ။"
Let Me Hug And Sleep!Where stories live. Discover now