Cong Zhouသို့ စစ်​ချီခြင်း Part 2 (Two)

8.8K 769 40
                                    

"အကြံ​ပေးLiu " Xiao Zhi မြင်းလှည်းအတွင်းမှ အသံတိုးတိုးဖြင့်​​ပြောလိုက်​သည်​။

"ရှိပါတယ်​။"မြင်းလှည်း​ဘေးတွင်​ရပ်​​နေသာ အကြံ​ပေးLiu က အသံတိုးတိုးဖြင့်​ ​ပြန်​​ဖြေလိုက်​သည်​။

"တကယ်​လို့ တစ်​​ယောက်​​ယောက်​က ဆူဆူညံညံလာလုပ်​ရင်​ တစ်​ခါတည်းသတ်​ပစ်​လိုက်​။"

"ဟုတ်​ကဲ."

အကြံ​ပေးZhi ခန္ဓာကိုယ် ဆတ်ခနဲ တုန်သွားသည်။ ဒီစစ်သူကြီး Xiaoက တကယ်ကို နှလုံးသားမရှိတာပဲ။

မြင်းလှည်းလိုက်ကာက ဖြည်းဖြည်းချင်းမြင့်တက်လာပြီး ကျက်သရေရှိသော အသွင်တစ်ခုက လူအများရှေ့သို့ ပေါ်ထွက်လာသည်။ သူ၏ မည်းနက်ထူထဲသော ဆံနွယ်တို့အား ကျောက်စိမ်းဆံညှပ်တစ်ခုဖြင့် ချည်နှောင်ထားပြီး ကြည်လင်ရှင်းသန့်သော အသားအရေကိုပို၍ ထင်းလင်းနေစေသည်။ ဖြောင့်စင်းနေသောနှာတံနှင့် ပါးလွှာသောနှုတ်ခမ်းတို့က နွေးထွေးပြီး လူသားဆန်သည်ဟုထင်ရသော်လည်း သူ၏စူးရှသော မျက်လုံးတို့တွင် ရက်စက်ခြင်းနှင့် ခက်ထန်ခြင်းတို့၏ အရိပ်အငွေ့တို့ကို မြင်နေရသည်။ 

သူ့လက်မောင်းထဲတွင်တော့ တစ်စုံတစ်ယောက်အားဖက်ထားပြီး အလွန်ပြီးပြည့်စုံသော မျက်နှာက နူးညံ့သော ချစ်ခြင်းတို့ကို ပြသနေသည်။ သူ့လက်မောင်းထဲမှ လူသားကို နက်နက်ရှိုင်းရှိုင်း ချစ်နေသည်ကို သူ့မျက်နှာတွင်မြင်နေရသည်။

အရာရှိ Zhi ရုတ်တရက် သူ့ ခြေထောက်များ မခိုင်တော့သလိုပင် ခံစားလိုက်ရသည်။ အဲ့ဒီသူက စစ်သူကြီးXiaoတဲ့လား။?

စစ်သူကြီး လက်မောင်းထဲက လူ၏ မျက်နှာမှာ စစ်သူကြီး၏ ရင်ခွင်ကို မျက်နှာအပ်ထားသောကြောင့် ထိုသူ၏ ဆံပင်နှင့် ကိုယ်ဟန်ကိုသာ လူအများမြင်ကြရသည်။

"လမ်းပြပါ။" Xiao Zhi က သူ့ဘေးတွင် ကြက်သေသေကာ မလှုပ်မယှက်ဖြစ်နေသော အရာရှိ Zhiအား တစ်ချက်ကြည့်ရင်းပြောလိုက်သည်။

"ဟုတ်..ဟုတ်ကဲ့" အရာရှိ Zhi လေသံကို နှိမ့်၍ဖြေလိုက်သည်။ သူ့ခမျာ သူ့မိသားစုဝင်များနှင့် မိတ်ဆက်ပေးရန်အခွင့်အရေးပင်မရလိုက်ပေ။ Xiao Zhiအား တည်းခိုအိမ်သို့လမ်းပြပေးသူမှာ Xiao Zhi၏ အားလပ်ချိန် အနားယူရန်အတွက် သီးသန့် ငှားပေးထားခြင်းဖြစ်သည်။ 

Let Me Hug And Sleep!Où les histoires vivent. Découvrez maintenant