Cong Zhouသို့ စစ်ချီခြင်း Part 1(Cong Zhouသို့ စစ်ချီခြင်း Part 1)

10.1K 904 15
                                    

Misfortune in Love, last chapter , it about Xiao Zhi weakness.

Everyone has their own weakness including Xiao Zhi who seems as "perfect-human",his greatest weakness is LOVE. He has love-sickness that once he decided the person he loves then he would love for the rest of his life time and he can't afford to lose, losing someone he loves.

__________________________

ငါးသောင်းသောစစ်သည်တို့မှာ သူပုန်များကို နှိမ်နင်းရန် Cong Zhou သို့ ဦးတည်နေကြသည်။ လူတိုင်းက နန်းတွင်းစစ်တပ်နှင့်  Cong Zhouသူပုန်များကြားမှ တိုက်ပွဲကို အချိန်ကြာမြင့်မည်ဟု ယူဆခဲ့ကြသော်လည်း Xiao Zhiက အထူးစစ်သည်တော် သုံးထောင်ကို ဦးဆောင်ကာ လျှပ်စီးကဲ့သို အမြန်ဖြင့်  Cong Zhou၏ မြို့ပတ်ပတ်လည်အား ဝန်းရံထားလိုက်သည်။ သူပုန်များကို တောင်များကြားထဲသို့ ချောင်ပိတ်စေလိုက်ပြီး တစ်စုချင်း ရှင်းလင်းနိုင်ခဲ့သည်။

No one knows that Xiao Zhiက ဤဗျူဟာမျိုးဖြင့် သူပုန်များကို အာရုံလွှဲနိုင်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။ စစ်သည်အနည်းငယ်ဖြင့်သာ သူပုန်များချောင်ပိတ်သွားခြင်းကို အခွင့်ကောင်းယူပြီး သူတို့ပုန်းခိုရာနေရာမှာပင် သူတို့ကို သုတ်သင်ခဲ့သည်။

Cong Zhouတွင် မူလက သူပုန်အင်အား တစ်သိန်းရှိခဲ့သော်လည်း ယခုအခါတွင် အင်အား သုံးသောင်းသာကျန်ရှိတော့သည်။ ထိုအင်အားလောက်ကို ရှင်းထုတ်ရန် အချိန်မျာစွာမလိုအပ်တော့ပေ။

ထိုအချိန် Luo Yangမြို့တော်တွင် လူတစ်ယောက်က လျှို့ဝှက် အစီရင်ခံစာတစ်စောင်ကို သူ့လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီ။ "မုန်းစရာကောင်းတဲ့ Xiao Zhi သူက မမျှော်လင့်ဘဲ ဒီလိုအကွက်ကို ရွှေ့သွားတယ်။"

"မင်းသား(၃) ကျွန်တော်တို့ အခုဘယ်လိုလုပ်ကြမလဲ။? ကျွန်တော်တို့ နှစ်ပေါင်းများစွာကြိုးပမ်းခဲ့ရတာကို ဒီလိုပဲဖျက်ဆီးခံလိုက်ရတော့မှာလား။

လက်ရှိဘုရင်မှာ မင်းညီမင်းသားများလက်ထဲတွင် စစ်တပ်အာဏာရှိနေခြင်းကို မနှစ်သက်သောကြောင့် မင်းသားအများစုတွင် စစ်ရေးအင်အားမရှိကြပေ။ Cong Zhou တွင် သူပုန်အမည်ခံပြီး စစ်သားစုဆောင်းရန်၊ မြင်းများဝယ်ရန် မင်းသား(၃)အနေဖြင့် နှစ်ပေါင်းများစွာ ခွန်အားစိုက်ထုတ်ခဲ့ရသည်။ နန်းတွင်းမှ စစ်တပ်များစေလွှတ်ကာ Cong Zhouမှ သူပုန်များကို ရှင်းလင်းစေခဲ့သော်လည်း မအောင်မြင်ခဲ့ရခြင်းမှာ မင်းသား(၃)က ၄င်းတို့နောက်ကွယ်တွင် ရှိနေခဲ့ခြင်းကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် မင်းသား(၃)က Cong Zhou၏ အရှင်သခင်ပင်ဖြစ်သည်။ အကယ်၍ သူသာ ထီးနန်းအတွက် ယှဉ်ပြိုင်ရာတွင် အရေးနိမ့်ခဲ့ပါက Cong Zhouတွင် မင်းမူနိုင်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။ သူသာ တကယ်ရှုံးနိမ့်ခဲ့လျှင် Cong Zhouမှ ပြန်လည်စတင်ကာ ထိုနေရာမှ အာဏာရယူနိုင်ပေမည်။

Let Me Hug And Sleep!Where stories live. Discover now