11K 1.1K 28
This chapter is talking about how childish and possessive our general toward Zhu Yu, he even put Zhu Yu as his top priority above all things even he doesn't care about the emperor edict.
အကယ်၍ တစ်စုံတစ်ယောက်က Xiao Zhiအား အပေါ်ယံ အမြင်ဖြင့်သာ ကြည့်ခဲ့မည်ဆိုလျှင် ဤမျှ နူးညံ့တည်ငြိမ်သော ယောက်ျားက စစ်သည်ပေါင်းများစွာကို ကွပ်ကဲအုပ်ချုပ်ကာ တိုက်ပွဲပေါင်းများစွာကို အောင်နိုင်ခဲ့သူဟု မည်သူကမျှထင်ထားမည်မဟုတ်ပေ.။ ထိုသူက စစ်နည်းဗျူဟာများတွင်သာ ထူးချွန်သည်မဟုတ် အလွန်မြင့်မားသော သိုင်းပညာကိုပါ ပိုင်ဆိုင်ထားပြီး အရာရာကို စေ့စေ့စပ်စပ်ကွပ်ကဲနိုင်သူတစ်ယောက်လည်း ဖြစ်သည်။ Liu Shanကဲ့သို့ စစ်သားတစ်ယောက်ကပင် ထိုင်ရှိခိုးချင်မိလောက်သော စစ်သူကြီးက ထိုကဲသို့သော အမျိုးသမီးတစ်ယောက်အား ချစ်မိသွားမည်ဟု သူထင်တောင်မထင်ထားခဲ့ပေ။ ထို့ကြောင့်လည်း Xiao Zhiသူ့အားမေးလာသောအခါတွင်...
"မင်းပြောကြည့်၊ တကယ်လို့ မိန်းကလေးတစ်ယောက်က ကလေးတစ်ယောက်ရှိဖို့ စဉ်းစားနေတာဆိုရင် သူမက ဘာသဘောလဲ။"
Liu Shanရုတ်တရက် ထောင်ပေါင်းများစွာသော စစ်သားများက သူ့အား ဝိုင်းရံထားသလိုခံစားလိုက်ရသည်။
ထိုအချိန်တွင် သူတို့မှာ Chong Zhouပြည်နယ်တွင်းတွင် ထကြွသောင်းကျန်းနေသော သူပုန်များနှင့် ပတ်သတ်၍ ဆွေးနွေးနေကြခြင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင် စစ်သူကြီး၏ ပါးစပ်မှ ထိုမေးခွန်းမျိုးထွက်လာမည်ဟုမည်သူထင်ထားမည်နည်း။
Liu Shanမျက်နှာက ချက်ချင်းပင် သွေးဆုတ်ဖြူလျော်သွားသည်။ သူ၏ ခမ်းနားသော စစ်သူကြီးက သူ့အဖြေအားစောင့်နေမည်ကို သိသော်လည်း မည်သို့ဖြေရမည်ကို သူမသိသောကြောင့် သူခေါင်းငုံ့နေမိသည်။
"ဒါကတော့.... ကျွန်တော်မျိုးသေသေချာချာ စဉ်းစားပါရစေ။" သူထစ်အစွာပင် ဖြေလိုက်ရသည်။
"ဟုတ်တာပေါ့ ။ ဒီကိစ္စက တကယ်တော့ အချိန်ယူပြီး စဉ်းစားသင့်တယ်။" Xiao Zi စားပွဲပေါ်တွင် ခြေထောက်များကို တင်ထားပြီး လက်ထဲမှ ပုတီးစေ့များကို ချေရင်းပြောလိုက်သည်။
"စစ်သူကြီး.. ကျွန်တော်တို့ ဒီနေ့ Chong Zhouပြည်နယ်မှာ ဒုက္ခပေးနေတဲ့ သူပုန်တွေအကြောင်းကို ဆွေးနွေးကြမှာ မဟုတ်လား။?" Liu Shanအလောတကြီးမေးလိုက်သည်။ လွန်ခဲ့သော တစ်လခန့်က ဘုရင်မင်းမြတ်မှ စစ်သူကြီးအား Chong Zhouနယ်မြေအားတည်ငြိမ်စေရေးအတွက် သူပုန်များအား ရှင်းလင်းရန် အမိန့်ချမှတ်ခဲ့သည်။ အကယ်၍ ထိုပြသနာအား မည်သို့ဖြေရှင်းရန်ကို မဆွေးနွေးသေးလျှင် ဖြစ်လာမည့် အကျိုးရလာဒ်မှာ မတွေးဝံ့စရာပင်။
Let Me Hug And Sleep!Where stories live. Discover now