မင်းကို လက်ထပ်မယ်။ Part 2 (မင်းကိုလက်ထပ်မယ်)

10.8K 1.1K 43
                                    

The second part of the chapter 12 is more about the trivial things about Zhu Yu worries.Like: if Xiao Zhi finds out her initial purposed when entering General residence, worries what kind of attitude he will show her.

in this last part of chapter 12, Xiao Zhi is starting to care about his appearance just because Zhu Yu random words...

Chu Zhu Yu ခေါင်းမော့ကာ Xiao Zhi၏ တောက်ပ ကြည်လင်နေသော မျက်လုံးများကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက ကြည်လင်လွန်းနေသည်။ ကြည်လင်လွန်း၍ စိတ်အတွင်းသို့ပင်​ ဖောက်မြင်နိုင်တော့မည်။ သူက သူမကို ချစ်သည်တဲ့... သူမကရော..? သူမ သူ့ကို ချစ်လား။?

ထူးဆန်းစွာပင် သူမ အပြစ်ရှိသလို ခံစားလိုက်ရသည်။ အကယ်၍ သူသာ သူမသည် စစ်သူကြီး အိမ်တော်ကို အကြံတစ်ခုဖြင့် ရောက်လာကြောင်းကို သိသွားလျှင် ဘယ်လိုဖြစ်မည်နည်း ။ သူမ သူ၏ အနေအထားကို စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။ သူမကို စိတ်ဆိုးသွားမလား။?.. မောင်းထုတ်မှာလား?.. ဒါမှမဟုတ် သူသွေးအေးအေးနဲ့ ဆက်ဆံလိုက်မှာလား...?

ဘယ်တစ်ခုကိုမှတော့ သူမမဖြစ်စေချင်ပါ။ Chu Zhu Yu သတိလက်လွတ်ဖြင့် သူမနှုတ်ခမ်းများကို ကိုက်နေမိသည်။ Xiao Zhi၏ လက်ချောင်းသွယ်သွယ်များက သူမမေးစိကို ဆွဲချတော့မှသာ သူမနှုတ်ခမ်းများကို လွှတ်တော့သည်။

"မင်း ကိုယ့်ကိုယ်ကို ဘာလို့ ကိုက်နေတာလဲ။?" Xiao Zhi လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။" သူမသူ့မျက်လုံးများကို မကြည့်ရဲဘဲ မေးလိုက်သည်။ "Jue Qing ရှင့်ကို တစ်ယောက်ယောက်က လိမ်တာမျိုးဖြစ်ဖူးလား။?" သူမမေးလိုက်သည်။ သူမထိုလူအား Jue Qingဟု ခေါ်ရသည်ကိုသာ သဘောကျသည်။

"ဖြစ်ဖူးတယ်။" သူ့လက်က လက်ဖက်ရည်ခွက်ကို ကွဲထွက်မတတ် ဆုပ်ကိုင်လိုက်သည်။

"ဒါဆို....ရှင် သိသွားတဲ့အခါ အဲ့ဒီလူကို ရှင်ဘယ်လိုလုပ်လဲ။?"

"hum....စစ်တပ်ဥပဒေအရဆိုရင်တော့ ငါသူ့ဦးခေါင်းကိုဖြတ်တယ်. ။ တစ်ခါတစ်လေ အဲ့ဒီလူရဲ့ အရိုး အကုန်လုံးကို ချိုးပစ်တယ်။ ဒါမှမဟုတ် သိုင်းပညာကို ဖျက်ဆီးပြီး လက်တစ်ဖက်ကို ချိုးပစ်တယ်။" Xiao Zhi ခဏမျှစဉ်းစားပြီး ပြန်ဖြေလိုက်သည်။

Let Me Hug And Sleep!Where stories live. Discover now