အဆိပ်ဖြေခြင်း Part 4 (အဆိပျဖွခွေငျး)

9.9K 882 67
                                    

Zawgyi

"ဒါက အဆိပ်ဖြစ်နေမှတော့ သူ့ကိုဖြေနိုင်မဲ့ ဖြေဆေးရှိကိုရှိရမယ်။ မင်းအဲ့ဒီ့နည်းကို သိနေရမယ်။!" သူကသူ့လက်ချောင်းများကို ပိုမိုအားစိုက်လိုက်သောအခါ သူမအသက်ရှုကျပ်လာပြီး သူမမျက်နှာပင် ခရမ်းရောင်သမ်းလာခဲ့သည်။

"ရှင်...အဟွတ်..အဟွတ် ရှင်ကျွန်မကို အကျပ်ကိုင်မယ်ဆို ရှင်ဘာတစ်ခုမှ မသိရစေရဘူး။"

သူမကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်ချောင်းများကို လွှတ်ပေးလိုက်သည်။

Dai Rui Qin ခန္ဓာကိုယ်က အားနည်းစွာပင် မြေပေါ်သို့ ပုံကျသွားပြီး အသက်ကို ခက်ခက်ခဲခဲရှုပြီးမှ စကားပြောနိုင်ခဲ့သည်။ : "တကယ်တော့ ဒီအဆိပ်ကိုဖြေနိုင်မဲ့ နည်းလမ်းတစ်ခုတော့ရှိတယ်။ ဒါပေမဲ့ အဲ့ဒိံနည်းက—- အသက်တစ်ချောင်းကိုကယ်ချင်ရင် တခြားအသက်တစ်ချောင်းကို စတေးရမယ်။!"

"မင်းဘာကိုဆိုလိုတာလဲ။?" သူမျက်မှောင်ကျုံ့လိုက်သည်။

"Xiao Zhi ရှင် အဲ့ဒီ့မိန်းမကို ချစ်တယ်လို့ပြောတယ်မဟုတ်လား။? အဲ့ဒါဆို သူမကိုကယ်ဖို့ ရှင့်အသက်နဲ့ သူမအသက်ကို အလဲအလှယ်လုပ်ပေးလိုက်လေ။! ဟားဟား..! ရှင်သူမအသက်ကို ကယ်ချင်တယ်ဆိုရင် တစ်ခုတည်းသောနည်းလမ်းက ထိပ်တန်းအဆင့် သိုင်းပညာရှင်တစ်ယောက်ကို သူမကိုယ်ထဲက အဆိပ်တွေကို အဲ့ဒီ့လူရဲ့ ခန္ဓာကိုယ်ထဲကို လွှဲပြောင်းစေလိုက်ဖို့ပဲ။ တကယ်လို့ အဆိပ်ကို အကုန်အစင်လွှဲမယူနိုင်ခဲ့ရင် နှစ်ယောက်လုံးသေသွားနိုင်တယ်။ သိုင်းလောကမှာ အဲ့ဒီလောက်သိုင်းပညာအဆင့်မြင့်တဲ့သူ လက်ချိုးရေလို့ရတယ်။ ကံကောင်းတာက ရှင်ကအဲ့ဒီ့လူတွေထဲက တစ်ယောက်ဖြစ်နေတာပဲ။ ဒီအဆိပ်ကို အကုန်အစင်လွှဲယူနိုင်တဲ့နည်းလမ်းက--- ခန္ဓာကိုယ်ချင်းပေါင်းစပ်ဖို့ပဲ။(sexual intercourse)!" Dai Rui Qin စိတ်ဖောက်ပြန်သွားသလိုရယ်လိုက်ပြီး Xiao Zhiကို ကြည့်လိုက်သည်။ "ဟားဟားဟား နောက်ဆုံးတော့ သူမက အပျိုစင်ဘဝကို ဆုံးရှုံးလိုက်ရမယ်။ ပြီးတော့ သူမကို ကယ်တဲ့သူကလည်း သေသွားမယ်။ သူမက ရှင်နဲ့လည်း အတူနေခွင့်မရဘူး။ ဒါပေမဲ့ ရှင့်ကြောင့်ပဲ သူမဘဝက တစ်သက်လုံးမုဆိုးမတစ်ယောက်အနေနဲ့ပဲ ရှင်သန်သွားရလိမ့်မယ်။!"

Let Me Hug And Sleep!Where stories live. Discover now