11.5K 1K 10
မနက်​​စော​စောအချိန်​ တိတ်​ဆိတ်​​နေသည့်​ စစ်​သူကြီးအိမ်​​တော်​တွင်း ရုတ်​တရက်​ဆူညံသွားခဲ့သည်​။ အိမ်​​တော်​ထိန်းXiao Renပင်​ အိမ်​​တော်​တွင်းမှလွင့်​ထွက်​​တော့မလိုဖြစ်​သွားသည်​။
"ဘာ? စစ်​သူကြီးကို မ​တွေ့​တော့ဘူး ဟုတ်​လား?" အိမ်​​တော်​ထိန်း​Xiao စစ်​သူကြီးအိမ်​​တော်​တွင်းမှ အ​စေခံတစ်​​ယောက်​ချင်းစီကို ကြည့်​ရင်း​မေးလိုက်​သည်​။ ယခုအချိန်​တွင်​ စစ်​သူကြီးတွင်​ မ​ကောင်းတာတစ်​ခုခုဖြစ်​သွားသလားကိုပဲ သူစဉ်းစားနိုင်​​တော့သည်​။
ယမန်​​နေ့ညက သူ​သေချာ​ပေါက်​စစ်​သူကြီးကို အခန်းထဲတွင်​​တွေ့လိုက်​ပါ​သေးသည်​။ သို့​သော်​ အဘယ့်​​ကြောင့်​ ယ​နေ့မနက်​တွင်​ စစ်​သူကြီး၏ အရိပ်​ကို​ပင်​ မမြင်​ရ​တော့သည်​လဲ။ အိမ်​​တော်​တွင်းရှိ အ​စေခံနှင့်​ အလုပ်​သမားအားလုံးကိုအကြိမ်​ကြိမ်​​မေးပြီး​နောက်​ သူစဉ်းစား၍ရသည်​မှာ သူ့သခင်​သည်​ယခု အန္တရာယ်​တွင်းကျ​ရောက်​​နေခြင်းသာဖြစ်​နိုင်​သည်​။ Xiao Ren သူ့ကိုယ်​မှ ​ချွေး​စေးများထွက်​လာသည်​ကိုခံစားမိလိုက်​သည်​။
အကယ်​၍ သူ့သခင်​ထံတွင်​ မ​ကောင်း​သောတစ်​စုံတစ်​ခုသာဖြစ်​သွားခဲ့လျှင်​ ရုံး​တော်တွင် ​ပြသနာဖြစ်လာမည်​ မဟုတ်​ပါ​လော။ထို့အပြင်​ သူ့သခင်​သည်​ စစ်​တပ်​အာဏာကို လက်​ကိုင်​ရထားသူဖြစ်​သည်​။ ဤသည်​မှာ ​နောက်​စရာမဟုတ်​​ပေ။
"လက်ထောက်စစ်သူကြီး Liuရော ဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ။" Xiao Renရှက်ရွံ့စွာပင် Liu Shanအား လှည့်ကြည့်လိုက်သည်။ Lui Shenသည် စစ်သူကြီးပြီးလျှင် စစ်တပ်တွင် အရေးအကြီးဆုံးသူတစ်ယောက်ဖြစ်သည်။ ထို့အပြင် သူသည် စစ်သူကြီးအိမ်တော်အား ဝင်ထွက်နေကျသူတစ်ယောက်ဖြစ်သည်။
"စစ်သူကြီးက အပြင်ထွက်သွားတာရော မဖြစ်နိုင်ဘူးလား။ " Lui Shan ကတော့ Xiao Renလောက်တော့ ကြောက်လန့်မနေပေ။
"မဖြစ်နိုင်ဘူး။ အိမ်တော်က အစောင့်တွေ ဘယ်သူမှ စစ်သူကြီးထွက်သွားတာမမြင်ဘူး။"
"စစ်သူကြီးရဲ့ သိုင်းပညာက ဒီလောက်မြင့်တာ သူကနံရံတွေပေါ်က ကျော်ပြီး တိတ်တိတ်လေးထွက်သွားတာရော မဖြစ်နိုင်ဘူးလား။"
Let Me Hug And Sleep!Where stories live. Discover now