Zawgyi
"ကျွန်မ Jue Qingနဲ့တွေ့ချင်ပါတယ်။ ကျေးဇူးပြု၍ ဆရာတော်ကျွန်မကို သူနဲ့တွေ့ဖို့ခေါ်သွားပေးပါ။!"
"သူက မင်းနဲ့မတွေ့ချင်ဘူးဆိုတာကို မင်းဘာလို့ အတင်းအကျပ်လုပ်နေရသေးတာလဲ။" သူကပြောလိုက်ပြီးနောက် Chu Zhu Yuကို မကြည့်တော့ဘဲ ကျောခိုင်းထွက်ခွာသွားတော့သည်။
အတင်းအကြပ် လုပ်တယ်? ဒာက အတင်းအကြပ်လုပ်တာတဲ့လား။? Chu Zhu Yu ဒူးထောက်နေရင်း ကြောင်အစွာ ငေးနေမိသည်။ တစ်ချိန်က... သူ့နားက ထွက်မသွားရန် သူမကို အထပ်ထပ်ပြောဆိုခဲ့သူက ယခုသူမကိုမတွေ့ချင်သောကြောင့်ပုန်းနေသည်တဲ့လား။
အဘယ့်ကြောင့် သူမနှလုံးသားက ဤမျှနာကျင်နေရသနည်း။? ဤပြော၍ပင်မပြနိုင်သော နာကျင်မှုက ဘယ်ကလာသနည်း။?
သူမအတွက် ဤအဖြစ်များအားလုံးကို လက်ခံရန် ခက်ခဲနေသေးသည်။ သို့သော် အဘယ်ကြောင့် သူမ၏ကမ္ဘာကြီးက အပြောင်းအလဲမန်နေရသနည်း။?
သူမမျက်လုံးများ ပူနွေးလာပြီး မျက်ရည်များစီးကျလာသညိ။ သူမနားထဲတွင် အစေခံတစ်ယောက်၏ အလန့်တကြားအော်သံကို ကြားလိုက်ရသည်။ : "မိန်းကလေး ဘာလို့ငိုနေတာလဲ။!"
ငိုနေတယ်။? သူမငိုနေတာလား။?"
အဲ့ဒီတော့ သူမကို သူကမတွေ့ချင်ဘူးဆိုတာနဲ့ပဲ သူမက မျက်ရည်လွယ်သွားတာပဲ။
ပားလှပ်နူးညံနေသော ကိုယ်ခန္ဓာလေးက ဤပုံစံအတိုငိး ဥယျာဉ်အပြင်ဘက်တွင် မလှုပ်မယှက် ရပ်နေခဲ့သည်။
သူမဘေးတွင်ရပ်နေသော အစေခံလေးမှာ သူမကို စိတ်ပူနေသော်လည်း သူမကို ကူညီနိုင်မည့်နည်းလမ်းသူ့တွင် မရှိခဲ့ပေ။ ထိုအချိန်တွင် Liu Shanနှင့် Xiaoအိမ်တော်ထိန်းတို့ ပျာယီးပျာယာဖြင့်ရောက်လာကြသည်။ သူတို့အနေဖြင့် Chu Zhu Yuကို တားမြစ်နိုင်ပြီး သူမကို အခန်းပြန်၍ အနားယူရန် ဖျောင်းဖျနိုင်မည်ဟုသာ မျှော်လင့်ထားကြသည်။
"မိန်းကလေး Chu ဒီလိုနေတာက မိန်းကလေးကျန်းမာရေးပြန်ကောင်းလာဖို့ အထောက်အကူမဖြစ်နိုင်ဘူးနော်။" Liu Shan ပြောလိုက်သည်။ သူ့စိတ်ထဲတွင် သိမ်းထားသော အကြောင်းအရာများကို Chu Zhu Yuအားပြောပြချင်သော်လည်း ထိုညက စစ်သူကြီး ပြောသွားသောစကားများကို ပြန်ကြားယောင်မိလိုက်သောအခာ သူပြောပြချင်သော်လည်း သူ့စိတ်ကို ပြန်ထိန်းလိုက်ရသည်။
ČTEŠ
Let Me Hug And Sleep!
Historická literaturaAuthor Qian Caoရဲ့ Novelလေးကို ဘာသာပြန်ထားတာပါ။ အိပ်မပျော်ခြင်းရောဂါကို ခံစားနေရတဲ့ စစ်သူကြီးတစ်ဦးနဲ့ သူမရဲ့ လက်ဘက်ရည်ဆိုင်လေးကို စောင့်ရှောက်နိုင်မဲ့ ခင်ပွန်းတစ်ဦးကို လိုအပ်နေတဲ့ မိန်းကလေး... သူတို့နှစ်ယောက်ကြားမှာဘာတွေဖြစ်လာမလဲ။ Author Qian Cao...