သူ့ကို ချစ်မိခြင်း Part 2 (သူ့ကို ချစ်မိခြင်း)

9.2K 887 44
                                    

(Zawgyi)

နာလိုက္တာ။! Chu Zhu Yu မျက်မှောင်ကုပ်ကာပြောလိုက်သော်လည်း Xiao Zhiက ရယ်ရင်း ပြန်ပြောလိုက်သည်။ : " Zhu Yu မင်း ကစားလို့ မဝသေးဘူးလား။? အိမ်ပြန်ဖို့ အချိန်ရောက်ပြီ။"

"ကျွန်မ... Jue Qing ကျွန်မ..." သူမနှုတ်ခမ်းများက ရှင်းပြရန်ကြိုးပမ်းနေခဲ့သည်။

"ဒါပေမဲ့ အခု မင်းနောက်ပြန်ဆုတ်မယ်ဆိုရင်တောင် နောက်ကျသွားပြီ။" သူ့ရယ်သံက အလွန်တရာ ကြောက်ဖို့ကောင်းနေခဲ့ပြီး သူမပုခုံးကို ကြမ်းတမ်းစွာဆုပ်ကိုင်လိုက်ကာ လက်ဖက်ရည်ဆိုင်အတွင်းမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။

မည်သူမှသတိမထားမိနိုင်သည့် လက်ဖက်ရည်ဆိုင်၏ အတွင်းထောင့်တစ်နေရာတွင်တော့ ထိုမြင်ကွင်းကို ကြည့်နေခဲ့သော အမျိုးသမီးတစ်ဦးရှိနေခဲ့ပြီး သူမတစ်ကိုယ်လုံးတုန်ယင်ကာ လက်ဖဝါးများတွင်လည်း ချွေးများဖြင့် အေးစက်နေခဲ့သည်။

Xiao Zhiက Chu Zhu Yuကို ပုခုံးပေါ်တွင် သဲအိတ်တစ်အိတ်ကဲ့သို့ သယ်ဆောင်ထားသောကြောင့် သူမအစာအိမ်မှာ သူ့ပခုံးနှင့် ဖိခံထားရပြီး သူမခေါင်းမှာလည်းအောက်သို့ စိုက်နေခဲ့သည်။ သူက ထိုပုံစံအတိုင်းပင် Zhiအိမ်တော်ခြံဝန်းအထိ လမ်းလျှောက်သွားသည်။

"Jue Qing ကျွန်မကို အောက်ချပေးတော့။!" သူမတစ်ကိုယ်လုံးရှိသွေးများက သူမခေါင်းထဲသို့ ပြောင်းပြန်စီးဆင်းလာသလို ခံစားနေရသောကြောင့် သူမအော်လိုက်သည်။

Xiao Zhi ကတော့ တိတ်တိတ်ဆိတ်ဆိတ်ပင် လမ်းဆက်လျှောက်နေခဲ့သည်။

"ကောင်းပြီ။ ကျွန်မမှားတယ်ဆိုတာကို ကျွန်မသိပါတယ်။ ကျွန်မအိမ်တော်ကနေ တိတ်တိတ်လေးထွက်မသွားသင့်ဘူး။ ဒါပေမဲ့ ကျွန်မတကယ်ကို လက်ဖက်ရည်ဆိုင်ကို ရောက်ဖူးချင်လို့ပါ.။" သူမ အမှန်တရားကို ခက်ခက်ခဲခဲ ဝန်ခံလိုက်သည်။ သူမဤ ကံကြမ္မာမှ လွတ်မြောက်ရန်သာ ဆုတောင်းရတော့မည်။

သူက အတော်ကြာကြာတိတ်ဆိတ်နေခဲ့သည်။

သူက Zhi အိမ်တော်သို့ ရောက်သည်နှင် အရာရှိ Zhiတစ်ယောက်က တုန်တုန်ယင်ယင်ဖြင့်ပင် သူ့ကို ကြိုဆိုလိုက်သည်။"စစ်သူကြီးကို ဂုဏ်ပြုပါတယ်။ နောက်ဆုံးတော့ မိန်းကလေး Chuကို ရှာတွေ့ခဲ့ပြီပဲ။..."

Let Me Hug And Sleep!Where stories live. Discover now