အဆိပ်ဖြေခြင်း Part 1 (အဆိပျဖွခွေငျး )

8.8K 833 37
                                    

Zawgyi

ပြင်းထန်သော မုန်တိုင်းက နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့လေပြီ။ သို့သော် Chu Zhu Yuတွင်​ သူမကို ဖက်ထားသော Xiao Zhiအ​ပေါ် မကျေနပ်ချက်အချို့ရှိနေသေးသည်။

"တကယ်လို့  သူပုန်တွေအကုန်လုံးကို ဖမ်းမိပြီး အခြေအနေတွေကလည်း တည်ငြိမ်သွားရင်တော့ ရှင် ကျွန်မကို အပြစ်သားတစ်ယောက်လို အပြင်ထွက်ခွင့်မပေးဘဲ ချုပ်နှောင်မထားသင့်တော့ဘူး။"

"ဒါက..." Xiao Zhi တွေဝေနေသေးသည်။

"အင်း... ကျွန်မရှင့်ကို ချစ်နေမှာပါ။ ဒါပေမဲ့ ရှင်ကျွန်မရဲ့ လွတ်လပ်ခွင့်ကို မချုပ်ချယ်ရင် ကျွန်မရှင့်ကို ပိုချစ်မှာ။"

"...." စစ်သူကြီးမှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပြီး တော်တော်ကြာမှ ခေါင်းညိတ်ပြလိုက်သည်။

Chu Zhu Yuက ငါးရသွားသော ကြောင်ပမာပြုံးလိုက်ပြီး "ဟေ့..ဟေ့.. ရှင်က အကောင်းဆုံးဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့...အင်း.. Jue Qing ကျွန်မရှင့်ကို ပြောစရာတစ်ခုရှိတယ်။"

"ဘာလဲ။?"

"ကျွန်မ... ကျွန်မ..."သူမ 'ကျွန်မ'ဟူစောစကားတွင်ရပ်နေမိသည်။ သူမအမှန်တရားကို ဝန်ခံနိုင်ရန် အားပေးမှုခပ်ကြီးကြီးတစ်ခုလိုသည်ကို သူမနောက်ဆုံးတော့ သတိပြုမိသွားသည်။

"အွန်း?" သူက သူမ၏ နောက်စကားကို အေးအေးဆေးဆေးစောင့်နေလေသည်။

Chu Zhu Yuမျက်လုံးများစုံမှိတ်လိုက်ပြီး ခက်ခက်ခဲခဲခုန်နေသော နှလုံးသားဖြင့် "တကယ်တော့ ကျွန်မ စစ်သူကြီးအိမ်တော်ကို ဝင်လာတာ အကြံအစည်တစ်ခုရှိတယ်။" ဤအကြာင်းကိုလည်း အနှေးနှင့်အမြန် သူသိသွားမည်ပဲဖြစ်ရာ အခုကတည်းက သူမဘာသာ ဖွင့်ပြောထားလျှင် ပိုကောင်းပေမည်။

"ကိုယ်သိတယ်။!" Xiao Zhiက အံ့သြဟန်ပင်မပြချေ။

ဘယ်လို? သူမမယုံနိုင်အောင်ဖြစ်သွားပြီး "ရှင်သိနေတယ်။?"

သူခေါင်းညိတ်လိုက်သည်။

"ရှင်ဘယ်လိုလုပ်သိတာလဲ။?" သူမဤအကြောင်းကို သေသေချာချာ ဖုံးကွယ်ထားခဲ့တာ မဟုတ်ဘူးလား။

Let Me Hug And Sleep!Where stories live. Discover now