*** Part 3 (Z+U)

11.7K 988 81
                                    

Zawgyi

သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းတုန်ယင်လာသည်။ သူက တစ်ခုခုကိုဖုံးကွယ်ထားဟန်ဖြင့် "ဒဲာဒါဆို ငါက မင်းမျက်လုံးတွေထဲကို ကြည့်ပြောရင် မင်းပိုယုံနိုင်လိမ့်မယ်။!"

Chu Zhu Yu ဘာမှမပြောနိုင်ဘဲ Xiao Zhiကိုသာ ငေးကြည့်နေမိသည်။ သူကမျက်လွှာချနေရာ မှ တဖြည်းဖြည်းချင်းသူမကို သူ့မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများက သူမကို ကြည့်မေသော်လည်း သူ့အကြည့်များက အဝေးတစ်နေရာကို ငေးနေသလိုပင် ခံစားချက်တစ်စုံတစ်ခုကိုမှ မမြင်ရပေ။

"မင်းနဲ့ပတ်သတ်ပြီး ငါတကယ်ကို ငြီးငွေ့နေပြီ ဒညကြောင့် မင်းငာ့နဲ့ နောက်ထပ်လာတွေ့ဖို့ မလိုတော့ဘူး။"သူ့စကားသံက လွန်စွာပြတ်သတ်ခိုင်မာနေရာ ရေခဲသွားမျာနှင့်ပင် တူနေသေးသည်။

"အဲ့ဒာဆို ကျွန်မကို ထပ်ပြော။ကျွန်မကို မချစိတော့ဘူးလို့။" သူမခန္ဓာကိုယ်က အားနည်းနေသော်လည်း ဤတစ်ကြိမ်တွင်တော့လသူမခေါင်းမာနေမိသည်။

သူလက်သီးတစ်ချက်တင်းတင်းဆုပ်လိုက်ပြီး သူမကို ခပ်ကြာကြာစိုက်ကြည့်လိုက်သည်။ သူ့မေးရိုးများပြုတ်ထွက်မတတ် အံကြိတ်ထားလိုက်သည်။

"ရှင် မပြောနိုင်ဘူး မဟုတ်လား။?" သူမသူ့ကို တူညီစွာပြန်ကြည့်လိုက်သည်။ သူမမျက်လုံးများထဲတွင် နောက်မဆုတ်တော့မည့် အရိပ်အယောင်များကို တွေ့နေရသည်။

"ငါက... " သူပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ဤတစ်ကြိမ်က သူ့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်မည်ကို သူနားလည်သည်။ သူအမြဲတမ်းပိုင်ဆိုင်ချင်ခဲ့သော ထိုအမျိုးသမီးနှင့်သူ့ကြားမှ သံယောဇဉ်ကြိုးကို ဤတစ်ကြိမ်တွင် သူ အပြတ်ဖြတ်ရတော့မည်။ သူမအတွက်ဆိုလျှင် သူအရာရာကိုစတေးရဲသည်။ သို့သော် သူ့ကိုယ်သူ၏ ခံနိုင်ရည်ကိုသူနားလည်ထားသည်။ သူဤအဆိပ်ကို အလွန်ဆုံးနောက်တစ်လလောက်သာ ထိန်းချုပ်နိုင်ပေမည်။ ထို့နောက်တွင်တော့ သူ၏ဒွါရခုနစ်ပေါက်မှ သွေးယိုစီးကာ သေဆုံးရပေမည်။ ထို့ကြောင့်ပင် သူဤဆက်ဆံရေးကို မဖြစ်မနေအဆုံးသတ်သင့်သည်။ သို့မှသာ သူမရှိတော့သည့်အနာဂတ်တွင် သူမကောင်းကောင်းနေနိုင်မည်ဖြစ်သည်။သို့သော်....သူမမျက်လုံးများကို ကြည့်လိုက်မိတိုင်း "ငါမင်းကို မချစ်တော့ဘူး"ဟုပြောရန် တကယ်ခက်ခဲသွားသည်။

Let Me Hug And Sleep!Tempat cerita menjadi hidup. Temukan sekarang