Zhu Yuကို ကယ်ဖို့ လူတိုင်းကို သတ်နိုင်တယ်။Part 2 (Two)

8.2K 731 30
                                    

Part two of chapter 16 is talking more the detail how scary General Xiao Zhi could be.While the Third Prince finally experienced "how the enemies feeling when they fought with Xiao Zhi in battle field"...

Chu Zhu Yuကို လူတစ်ယောက်က ရှေ့သို့ ဆွဲခေါ်သွားသည်။ ထို့နောက်သူမရှေ့တွင် သွေးပင်လယ်ကြီးတစ်ခုကို မြင်လိုက်ရသည်။

များပြားလှသောသွေးတွေအပြင် မရေမတွက်နိုင်သော အလောင်းများက မြေပေါ်တွင် လဲကျနေသည်။

"ဒါ... ဒါက လူရော ဟုတ်ရဲ့လား။?"

"ကြောက်စရာကောင်းလိုက်တာ။ မဖြစ်ဘူး။! မဖြစ်ဘူး။! ဘုရားရေ.. သူ့ကို တားနိုင်တဲ့သူ မရှိတော့ဘူးလား!"

"Xiao... Xiao စစ်သူကြီး ဒီနေရာက တတိယမင်းသားအိမ်တော်ပါ။ ဒီနေရာမှာ ဒီလိုလူတွေသတ်ရင် ဘုရင်မင်းမြတ်က ခင်ဗျားကို...ah~!"

သူ့လက်က ထိုသူ့ရင်ဝကို တစ်ချက်ရိုက်ချလိုက်ရာ တစ်ချက်သာအော်နိုင်ပြီး နောက်ထပ် အသံထွက်မလာတော့ပေ။

နှစ်ဖက်စစ်တပ်မှာ အသေအကျေတိုက်ခိုက်နေကြပြီး စစ်မြေပြင်တစ်ခုလုံး ကစဉ်ကလျားဖြစ်နေသည်။ တိုက်ပွဲထဲတွင် အထင်ရှားဆုံးမှာ အနက်ရောင် ဝတ်ရုံကို ဆင်မြန်းထားသူဖြစ်သည်။ ထိုသူက သာမန်စစ်သာများကဲ့သို့ စစ်ဝန်တန်ဆာများ ဝတ်ဆင်မထားဘဲ ခေါင်းပေါ်တွင် ကျောက်စိမ်းဆံညှပ်တစ်ခုကို ဆင်မြန်းကာ သူ့လက်တစ်ဖက်ထဲတွင် ကျောက်စိမ်းစိတ်ပုတီးကို ကိုင်ဆောင်ထားသည်။ စိတ်ပုတီး၏ မူလ ကျောက်စိမ်းရောင်မှာ ပျောက်ကွယ်နေပြီး သွေးနီရောင်များ စွန်းထင်းနေသည်။ သူ၏နောက်လက်တစ်ဖက်ထဲတွင် ဘုရားစာပုရပိုဒ်တစ်ခုကိုကိုင်ဆောင်ထားပြီး ထိုအရာက သူ့လက်ထဲတွင် လူသတ်လက်နက်တစ်ခုဖြစ်နေခဲ့သည်။

ရှည်လျား သွယ်လျသော လက်ချောင်းများက နဂိုမူလတွင် နူးညံ့သော်လည်း ယခုအခါတွင် အေးစက်ထက်မြက်သော လက်နက်တစ်ခုဖြစ်လာသည်။ လူတစ်ယောက်၏ ရင်ဝကို တည့်တည့်တိုးဝင်သွားခြင်းဖြင့် တစ်ယောက်ပြီးတစ်ယောက်လဲကျသေဆုံးသွားကြသည်။

အလောင်းများက တစ်လောင်းပြီး တစ်လောင်း သူ့ခြေရင်းတွင် စုပုံလာကာ ပန်းထွက်လာသော သွေးများက သူခန္ဓကိုယ်၊ သူ့ ခြေထောက်များတွင် စွန်းပေနေသည်။ နောက်ဆုံး သူ့မျက်နှာတွင်ပင် သွေးများ ပေကျံနေသည်။ သူက စစ်နတ်ဘုရားလား။ သေမင်းလား။ မကောင်းဆိုးဝါးလား။ ?

Let Me Hug And Sleep!Tempat cerita menjadi hidup. Temukan sekarang