** Part 1 (Z+U)

9.8K 843 34
                                    

Zawgyi

ပင်ပန်းလိုက်တာ။! သူမပင်ပန်းလွန်း၍ မျက်လုံးများကိုပင် မဖွင့်ချင်ဘဲ  ဒီအတိုင်းလေးပဲ ဆက်လက်အိပ်ပျော်နေချင်မိသည်။

သို့သော် သူမခန္ဓာကိုယ်၏ အချို့ အစိတ်အပိုင်းများမှ နာကျင်မှုများကို သူမခံစားနေရသည်။ နာကျင်မှုကြောင့် သူမအော်လိုက်ချင်သော်လည်း သူမလည်ချောင်းမှ မသဲမကွဲအသံတစ်ခုသာထွက်လာခဲ့သည်။

သူမနားထဲတွင် Jue Qingပြောနေသော စကားသံတချို့အား ခပ်တိုးတိုးကြားနေရသည်။ သူက ကြမ္မာဆိုးအကြောင်းပြောနေခဲ့သည်။ ထို့နောက်သူဘာဆက်ပြောသွားတာလဲ။ သူမရှင်းရှင်းလင်းလင်းကြားလိုသော်လည်း သူမကောင်းကောင်းမကြားခဲ့ရပေ။...

သူမနာကျင်မှုများ တဖြည်းဖြည်းသက်သာလာချိန်တွင် သူမစကားသံများကို ပို၍ကြားနိုင်လာသည်။ သို့သော် Jue Qing၏ အသံကိုတော့ ထပ်မကြားရတော့ပေ။

"သမားတော်ကြီး မိန်းကလေး Chu ရဲ့ မျက်ခွံတွေ လှုပ်လာပြီ။!"

"ကြည့်ရတာ မိန်းကလေး Chu ရဲ့ အာရုံတွေ ပြန်ကောင်းလာပြီထင်တယ်။?"

"သမားတော်ကြီး ဒီကို မြန်မြန်လာကြည့်ပေးပါဦး။!"

အခန်းတွင်းတွင် အသံများ အဆက်မပြတ်ထွက်ပေါ်နေပြီး ထိုအသံများကြောင့် သူမခေါင်းကိုက်လာသည်။

"အင်း..." သူမ၏ခြောက်သွေ့နေသောနှုတ်ခမ်းမှ ညည်းသံတစ်ခုထွက်လာသည်.။ Chu Zhu Yu သူမတွင် ရှိသမျှအားအကုန်သုံးပြီး မျက်လုးများဖွင့်ရန်ကြိုးစားလိုက်သည်။ 

ဤအခန်း၏ အတွင်းပိုင်း အပြင်အဆင်က သူမနှင့်ရင်းနှီူနေသည်။ ဤအခန်းက...စစ်သူကြီး အိမ်တော်ထဲမှာပဲ။! သူမဘယ်အချိန်ကLuo Yangကို ပြန်ရောက်လာတာလဲ။ ဒီအချိန် သူမCong Zhou မှာပဲ ရှိနေရမှာ မဟုတ်ဘူးလား။? "ငါဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ။?"

"မိန်းကလေးChu ရှင် သတိရလာပြီပဲ။! ရှင် ဒီကိုရောက်နေတာတော်တော်ကြာပြီ။!" အစေခံတစ်ယောက်ကပြောလိုက်သည်။

သမားတော်က Chu Zhu Yuကို သွေးခုန်နှုန်းစမ်းသပ်လိုက်ပြီး ဆေးညွှန်းတစ်ခုရေးပေးလိုက်သည်။

Let Me Hug And Sleep!Where stories live. Discover now