ဘယ္မွမသြားရဘူး (ဘယ်မှမသွားရဘူး)

8.9K 811 23
                                    

နောက်ဆုံးတော့ မင်းသား(၃)တစ်ယောက် အသက်ချမ်းသာရာရသွားသည်။ Luo Yangမြို့သို့  အစီရင်ခံစာ တစ်စောင် အလျင်အမြန်ပို့ခဲ့ကြပြီး မင်းသား(၃)မှာ အဖမ်းခံရကာ မြို့တော်သို့ ပြန်ပို့ခံလိုက်ရသည်။ ဤတစ်ကြိမ်တွင်တော့ သူတစ်ကယ်ပင် အာဏာကို ဆုံးရှုံးလိုက်ရကာ တော်ဝင်မိသားစုမှလည်း ထုတ်ပယ်ခံလိုက်ရသည်။

မင်းသား(၃)၏စစ်သည်ထောက်ပံ့မှုမရှိတော့သည့်နောက်  Cong Zhouမှ သူပုန်များ ကစဉ်ကလျားဖြစ်သွားကြသည်။ Xiao Zhi၏ နည်းဗျူဟာမှာ အောင်မြင်သည်ဟု ဆိုနိုင်ပြီး တစ်လဟူသော အချိန်အတွင်းတွင် သူပုန်များ၏ အဓိကအဖွဲ့များကို ရှင်းထုတ်နိုင်ခဲ့သည်။ အနည်းငယ်သော အကြွင်းအကျန်တို့ကိုလည်း မကြာမီ ရှင်းထုတ်တော့မည်ဖြစ်ရာ မည်သူကမှ ပြသနာလုပ်နိုင်တော့မည် မဟုတ်ပေ။

တခြားတစ်ဖက်တွင်လည်း Chu Zhu Yu ကို တပ်ဆုတ်ရန် ချော့ပြောကာ Zhiအိမ်တော်မှ သခင်လေးကို ကယ်စေခဲ့သောကြောင့် Zhiတစ်မိသားစုလုံးက Chu Zhu Yuအား ကယ်တင်ရှင် တစ်ယောက်သဖွယ်ဆက်ဆံခဲ့ကြသည်။

သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ ကယ်တင်ရှင်လေးလည်း စစ်သူကြီးနှင့် စကားအခြေအတင်ပြောနေရလေသည်။...

"ကျွန်မ အပြင်ထွက်ချင်တယ်။!" ထိုမိန်းကလေးက ခေါင်းမာစွာ တောင်းဆိုနေသည်။

"မရဘူး။."အမျိုးသားကလည်း အညှိနှိုင်းမခံဘဲ ငြင်းဆန်နေသည်။

"ဘာလို့ မရရတာလဲ။?"

"မင်းဒဏ်ရာက အခုထိမကောင်းသေးဘူး။"

"အဓိပ္ပာယ်မရှိတာ။ မနက်ကသမားတော်ပြောတာ ကျွန်မဒဏ်ရာက ပျောက်သွားပြီတဲ့။"

"အပြင်ဘက်မှ အခြေအနေက ရှုပ်ထွေးနေတုန်းပဲ။"

"မဖြစ်နိုင်ဘူး။ လူတွေအားလုံးကပြောတာ ရှင်က ပုန်ကန်မှုကို  ငြိမ်သက်ခဲ့ပြီး အခခုအခြေအနေက အရင်ထက်တောင် ပိုတည်ငြိမ်နေသေးတယ်တဲ့။"

စစ်သူကြီး ပင့်သက်ရှိုက်လိုက်ပြီး နောက်ဆုံးတော့ သူလက်ထဲမှ စာအုပ်ကို အောက်ချလိုက်ရသည်။ "ကိုယ်က အဲ့ဒီ့လောက်မတော်ဘူး။"

"ရှင်ဘာကို စိတ်မချဖြစ်နေတာလဲ။ ကျွန်မက ကလေးလည်းမဟုတ်ဘူး။" Chu Zhu Yu ခပ်တိုးတိုးရေရွတ်လိုက်သည်။

Let Me Hug And Sleep!Where stories live. Discover now