8K 784 34
(Zawgyi)
မနက်စောစော အာရုံတက်စအချိန်တွင် အစေခံအဝတ်အစားများကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးက လက်ထဲတွင် သူမမျက်နှာကိုပင် ဖုံးအုပ်လုနီးနီး ရှည်မျောမျော ပန်းအိုးတစ်လုံးကို သယ်ဆောင်လာသည်။
အိမ်တော်အား စောင့်ကြပ်နေသော အစောင့်များဘေးမှ သူမဖြတ်သွားသောအခါ အစောင့်တစ်ယောက်က သူမအားမေးလိုက်သည်။ : "ညီမလေး.. မိန်းကလေး Chuက ဒီပန်းအိုးကို မကြိုက်လို့လား။?"
"ဟုတ်.. ဟုတ်ကဲ့.. မိန်းကလေး Chuက ဒီပန်းအိုးကို တခြားတစ်ခုနဲ့ လဲဖို့ ကျွန်မကို ခိုင်းလိုက်လို့ပါ။" ထိုအစေခံမိန်းကလေးက ခပ်တိုးတိုးဖြေလိုက်ပြီး  Zhiအိမ်တော်အပြင်သို့ ခပ်သွက်သွက်ခြေလှမ်းများဖြင့် ထွက်သွားသည်။
အိမ်တော်အပြင်သို့ ခြေချမိလိုက်သည်နှင့် သူမက မြင်းစောင်းဘက်သို့ ဦးတည်လိုက်သည်။ သူမက အသက်ပြင်းပြင်းရှုလိုက်ကာ မျက်နှာရှေ့က ပန်းအိုးရှည်ကြီးကို ဖယ်ရှားလိုက်သောအခါတွင်တော့ ထွက်ပေါ်လာသောမျက်နှာမှာ Chu Zhu Yu၏မျက်နှာပင် ဖြစ်သည်။
"ကောင်မလေး..မင်းကဘယ်သွားမလို့လဲ။?" မြင်းထိန်းကြီးကမေးလိုက်သည်။ Chu Zhu Yuက Zhiအိမ်တော်အတွင်းနေနေသည်မှာ အတန်ကြာပြီဖြစ်သော်လည်း သူမက အဆောင်တွင်းတွင်သာ အနေများသောကြောင့် ဤအိမ်တော်တွင်းတွင် သူမကို သိသူများများစားစားမရှိချေ။
"ကျွန်မကြားဖူးတာကာ ဒီမြို့မှာ ထူးကဲတဲ့ လက်ဖက်ရည်ဖျော်နည်းအတတ်ကို ကျွမ်းကျင်တဲ့ လက်ဖက်ရည် အဖျော်ဆရာတစ်ယောက်ရှိတယ်တဲ့။ အဲ့ဒါဘယ်နေရာမှာလဲကို ရှင်သိလား။?"
"Oh မင်းပြောတာ Xing Yuan လက်ဖက်ရည်ဆိုင်လား။"
"အဲ့ဒီ့ဆိုင်ကိုပဲ သွားမလို့။!"
"ယိးးး(မြင်းကို မောင်းရန်အော်သည်။) ကောင်မလေး.. မင်းကဘာလို့ အဲဒီ့လက်ဖက်ရည်ဆိုင်ကို သွားချင်တာလဲ။?" မြင်းထိန်းက မေးလိုက်သည်။
"သြော်... မိန်းကလေးChuက လက်ဖက်ရည်ဆိုင်ကိုသွားပြီး အဲ့ဒီ့မှာ ဘာလက်ဖက်ခြောက်အမျိုးအစားတွေ သုံးသလဲဆိုတာ ကျွန်မကို ကြည့်ခိုင်းလိုက်လို့ပါ။" Chu Zhu Yuအကြောင်းပြချက်တစ်ခု ပေးလိုက်သည်။ 
Let Me Hug And Sleep!Where stories live. Discover now