မင်းက ငါ့အတွက်ပဲ (မငျးကငါ့အတှကျပဲ)

11.6K 1.1K 44
                                    

Are you waiting more than sweet scene than the usual funny, naive and innocent of the General and Zhu Yu?
If yes, Chapter 13 is the sweetest chapter of both them, if I could say.

Xiao Zhiက နောက်ပိုင်းတွင် သူ့မျက်လုံးများကို သန်စင်ခြင်းကို နေ့စဉ်အချိန်မှန် ဂရုတစိုက်ပြုလုပ်လာခဲ့သည်။ Xiao Renသက်ပြင်းချလိုက်မိသည်.။ သူ၏ စစ်သူကြီးက ချောမောသော အသွင်အပြင်ကို ဂရုတစိုက်ရှိသော သူတစ်ယောက်ဖြစ်လာမည်ကို သူလုံးဝမသိခဲ့ပေ။

ထိုအရာကို စတင်လိုက်သူမှာ Chu Zhu Yuဖြစ်သည်။ 

ထိပ်တန်းအဆင့်ရှိသော Jun Shan Yin Zhenလက်ဖက်ခြောက် ah~ သာမန်အတိုင်းသာဆို သူမ ထိုလက်ဖက်ရည်ကို သောက်ချင်လျှင်တောင် သောက်ခွင့်ရမည်မဟုတ်ပေ။ ထို့ကြောင့် ယခုအခွင့်အရေးရရှိလာသောအခါ သူမကျေနပ်နေမိသည်။

Chu Zhu Yu သူမ၏ သုခ အသစ်ကို ခံစားနေရသော်လည်း သူမအခြားသူများအတွက်ကိုလည်း မေေ့လျော့ချေ.။ ထို့ကြောင့်Xiao Ren နှင့် Liu Shanတို့မှာလည်း  Chu Zhu Yu.ကျေးဇူးဖြင့် ထိပ်တန်းလက်ဖက်ရည်ကို မြည်းစမ်းခွင့်ရကြလေသည်။

"တကယ်ကောင်းတဲ့ လက်ဖက်ရည်ပဲ။ " Liu Shan လက်ဖက်ခြောက်ကို အနံ့ခံကြည့်လိုက်သည်။ စွဲမက်ဖွယ်ကောင်းလွန်းသည်။

Chu Zhu Yu နည်းစနစ်တကျပင် လက်ဖက်ရည်ဖျော်ပြီးနောက် Liu Shan နှင့်Xiao Renအား တစ်ယောက်တစ်ခွက်စီ ကမ်းပေးလိုက်သည်။ 

နှစ်ယောက်လုံးလက်ဖက်ရည်ခွက်ကို ယူပြီးနောက် Liu Shanက ပြောလိုက်သည်။ "ကြည့်ရတာ မိန်းကလေးChu ရဲ့ လက်ဖက်ရည်ဖော်ျနည်းက ကောင်းလွန်းလို့  ဒါက လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်အဖျော်ဆရာနဲ့တောင် ယှဉ်လို့ရနိုင်တယ်။"

"ကျွန်မက ငယ်ငယ်ကတည်းက..." လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ဖျော်ခဲ့တာလေ။ ကံကောင်းထောက်မစွာပင် ထိုစကားများက သူမပါးစပ်မှ ထွက်မသွားခဲ့ပေ။ သူမ အလျင်အမြန်ပြောင်းလဲပြောလိုက်သည်။ "ကျွန်မ ငယ်ငယ်ကတည်းက အခြားလူတွေ လက်ဖက်ရည်ဖျော်တာကို လေ့လာခဲ့တာ.။ ပြီးတော့ ကျွန်မ လက်ဖက်ရည်အဖျော်ဆရာတချို့နဲ့လည်း သိတယ်လေ။ အဲ့ဒါကြောင့်ပါ။"

"သြော် ဒါကြောင့်ကိုး။ စစ်သူကြီးက မိန်းကလေးဖျော်တဲ့ လက်ဖက်ရည်က အရမ်းကောင်းတယ်လို့ ပြောတာ ကြားဖူးတယ်။ ဒီနေ့တွေ့လိုက်ရတော့ တကယ်ကို စစ်သူကြီးပြောတဲ့အတိုင်းပဲ။ " Liu Shanလက်ဖက်ရည်သောက်နေရင်းမှXiao Renဘက်လှည့်ကာ မေးလိုက်သည်။ : "ဟုတ်ပြီ... စစ်သူကြီးဘယ်မှာလဲ။ သူဒီမှာမရှိဘူးလား။?"

Let Me Hug And Sleep!Where stories live. Discover now