Ep-(6)

23.5K 1.5K 5
                                    

ဆက်​ နဲ့ သ​ဘောတူထားတဲ့ မိန်းက​လေးက ကျွန်​​တော်တို့ ​ကျောင်းကပဲတဲ့ ​လေ။သူတို့​ရေစက်​က အာ့​လောက်​ထိပါရလား အင်​ဂျင်​နီယာ တက္ကသိုလ်​ တစ်​ခုထဲ ​မေဂျာတစ်​ခုထဲ လာတူ​နေရ​အောင်​ ။အာ့ ​ကောင်​မ​လေးက​ရော ဆက်​ ကို သ​ဘောကျ မှာလား။ပြီး​တော့ ဆက်​ က​ရော.......

"ရှင်းခန့်​ပိုင်​ ငါ​ပြော​နေတာကြားလား ကား​မောင်း​နေရင်း မင်းစိတ်​​တေကဘယ်​ကို သ​ဝေထိုး​နေရတာလဲ"

"​တောင်းပန်​ပါတယ်​ ဆက်​ ရာ ခုနက ဘာ​ပြောလိုက်​တာလဲဟင်​ "

"ဒီ​နေ့ သိမ့်​သဒ္ဒါထက်​ နဲ့ ချိန်းထားတယ်​လို့ ​ပြော​နေတာ​လေ "

"​သြော်​ အာ့တာဘာဖြစ်​လို့လဲ ငါတ​နေရာမှာ ​နေ​ပေးရမလား ဒါမှမဟုတ်​ "

"ဘယ်​မှ ​ခြေမကြွပါနဲ့ ငါ့အနားမှာပဲ ​နေပါ မင်းလဲ သူ့ကို မြင်​ဖူးထားရမယ်​​လေ"

"အင်းပါ.. ."

 ​ကျောင်း​ရောက်​တာနဲ့ ​ကျောင်း​ဆောင်​ဘက်​ကိုပဲတန်းထွက်​လာ​တော့ ကျွန်​​တော်​တို့ အခန်း​ရှေ့မှာ ဟိန်းထက်​နဲ့ လင်းမြတ်​ အပြင်​ မိန်းက​လေး တစ်​​ယောက်​ပါရှိ​နေတယ်​။

"​ဟေ့​ယောင်​ ဧကရာဇ်​ မြန်​မြန်​ လာစမ်းပါ ဒီမှာ မင်း ဧည့်​သည်​​ရောက်​​နေတယ်​ "

"ဘယ်​သူလဲ ဟိန်းထက်​ရ "

"သိမ့်​သဒ္ဒါထက်​ ပါ ကို ဆက်​ဧကရာဇ်​ "

ဒီမိန်းက​​လေးကို ​​သေချာကြည့်ပြီး ခန့်မှန်းမိတယ် ​​​​ဘယ်​​ယောက်ျား​လေး မဆို သ​ဘောကျနိုင်​တဲ့ အ​နေထား တစ်​ခုပါလား..
ဆက်​ မင်း​ရော ဒီ​ကောင်​မ​လေးကို သ​ဘောကျသွားမှာလား....

"​သြော်​ ကျွန်​​တော် ကို လာရှာတာလား ဘာကိစ္စ ရှိလို့လဲ ဗျ"

"Daddy နဲ့ ဦးထင်​ရှားက ဒီ​နေ့ ကို ဆက်​ဧကရာဇ်​ နဲ့ ​တွေ့ရမယ်​ဆိုလို့"

"ကျွန်​​တော့်​ကို ဧကရာဇ်​ ပဲ ​ခေါ်ပါ ရင်းရင်းနှီးနှီး ပဲ ​ပြောကြတာ​ပေါ့"

"ဒါဆို ကျွန်​မ ကိုလဲ သိမ့်​ထက်​ လို့​ခေါ်လို့ရပါတယ်​"

"ကျွန်​​တော်​ အတန်းတက်​ဖို့ရှိ​သေးလို့ ​နောက်​မှ ​တွေ့ကြတာ​ပေါ့ ဗျာ "

SERVANT Where stories live. Discover now