Ep-(38)

14.8K 1K 31
                                    

ဝဲတက်​လာတဲ့မျက်​ရည်​​တေကို မကျမိ​အောင်​ ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​လိုက်​တယ်​..။ကိုယ့်​မျက်​ရည်​​တေ သူမြင်​ရင်​ ကိုယ့်​ကိုပိုလို့​တောင်​ လွှတ်​​ပေးချင်​မှာမဟုတ်​ဘူး​လေ။အခုချိန်​မှာ သူ့အ​ပေါ်ဘယ်​လိုမှ ညင်​ညင်​သာသာ မဆက်​ဆံနိုင်​ဘူး..။ သူက ကိုယ့်​ကို မုန်းသွားဖို့ပဲလိုချင်​​နေမိတယ်​..။သူ က ကိုယ့်​ကိုချစ်​​နေ​သေးရင်​ ကိုယ့်​ကို တမ်းတရင်း ပူ​​ဆွေး​​သောက ​တေနဲ့ သူ့ဘ၀ကြီးကို နာကျင်မှု​​တေနဲ့ မကုန်​ဆုံး​စေချင်​ဘူး...။

ရှင်းခန့်​ပိုင်​ လက်​​တေကိုအတင်းဆုပ်​ကိုင်​ထားပြီး ငို​နေတဲ့ ထို​ကောင်​​လေးရဲ့ လက်​​တေကို ခပ်​ကြမ်းကြမ်း ပုတ်​ချလိုက်​တယ်​...။

ရှင်း လုပ်​လိုက်​တဲ့ ကြမ်းတမ်းစွာပြုမူမှု ​အောက်​​မှာ ဆက်​ဧကရာဇ်​ ငိုသံ​လေးက ပိုလို့ကျယ်​​လောင်​လာတယ်​..။ ရှင်း က ဆက်​ရဲ့ လက်​​ကောက်​၀တ်​​နေရာကို ကိုင်​ပြီး အိမ်​တံခါး​ပေါက်​၀ကို ကြမ်းကြမ်းတမ်းတမ်း ဆွဲ​ခေါ်လာခဲ့တယ်​....။

"ရှင်း...ငါ့လက်​နာ​နေပြီ.....လွှတ်​​ပေးဦး ...ဟင့်​ ရှင်း အာ့လိုမလုပ်​ပါနဲ့ ​နော်​ ဟင့်​ ဟင့်​ ရှင်း..."

တောင်းပန်​ပါတယ်​ ဆက်​....

ဆိုပြီး စိတ်​ထဲက​နေသာ ​ပြောမိ​နေတဲ့ ရှင်း ရဲ့ စကားကို ဆက်​ဧကရာဇ်​ မကြားနိုင်​ပါ...။
အိမ်​တံခါးကိုဖွင့်​ပြီး ဆက်​ ကို အပြင်​ကို တွန်းထုတ်​လိုက်​ပြီး တံခါးကိုအမြန်​ပိတ်​ကာ ​လော့ချလိုက်​​တော့တယ်​..။

ထိုအခါမှ ​ချောင်း​ရေစီးသကဲ့သို ကျဆင်းလာတဲ့ ရှင်းခန့်​ပိုင်​ မျက်​ရည်​ ​တေဟာ ​ဒလ​ဟော ဖြစ်​​နေ​တော့တယ်​။ အိမ်​တံခါးကို မှီရင်း အာ့​နေရာမှာတင်​ ထိုင်​ချလိုက်​ပြီး အသံတိတ်​နဲ့ ငို​နေ​တော့တယ်​....။

"ရှင်း အာ့လိုမလုပ်​ပါနဲ့ တံခါး​ဖွင့်​​ပေး ငါ့ကို တံခါးဖွင့်​​ပေးပါ​နော်​...မင်း ငါ့ကို အာ့ အာ့လိုလုပ်​လို့မရဘူး ​လေ ဟင့်​ ငါ့ကို တံခါးဖွင့်​​ပေးပါ ရှင်း ရာ..ငါ့ကို တစ်​​ယောက်​ထဲ မထားခဲ့ပါနဲ့.. .ရှင်း...ရှင်း.."

SERVANT Where stories live. Discover now