Ep-(42)

16.1K 1.1K 29
                                    

စိတ်​က​တော်​​တော်​ကို တို​နေတာမို့လို့ ဆက်​ ကို ရှင်း လဲ ​​လေသံမာမာထန်​ထန်​နဲ့ ​ပြောပြီး ဆက်​ဧကရာဇ်​ ကို​ကျော်​လာပြီး အိမ်​ပြန်​ရမဲ့လမ်းအတိုင်းပြန်​လာလိုက်​တယ်​။ ရှင်းခန့်​ပိုင်​ လဲ YBSစီးဖို့ ကားမှတ်​တိုင်​ ​ရောက်​လို့ရပ်​လိုက်​​တော့မှ အ​နောက်​က​နေ ဆက်​ဧကရာဇ်​ လိုက်​လာတာကို ​သိလိုက်​တယ်​။ ပြန်​တဲ့လမ်း​ကြောင်း တူရ​အောင်​ကလဲ ဆက်​ ဘယ်​ကိုပြန်​ရမလဲ ရှင်းခန့်​ပိုင်​ ကသိ​နေတာ​ကြောင့်​ ဒါဆို အခု ငါ့​နောက်​လိုက်​လာတာလားဆိုပြီး ရှင်းခန့်​ပိုင်​ ​တွေးလိုက်​တယ်​ ။ဆက်​​ဧကရာဇ်​ အနားကိုသွားလိုက်​​တော့ ဆက်​ မျက်​နှာကစူပုတ်​​နေ​တော့တယ်​...။

"ပြန်​​တော့ မိုးချုပ်​​နေပြီ.. ."

စိတ်​တိုတာက စိတ်​တိုတာပဲ ..ဒါ​ပေမဲ့ လည်း ဆက်​ ကို စိတ်​ပူတာ​ကြောင့်​ ရှင်းလဲ အိမ်​ပြန်​ဖို့​ပြောလိုက်​​တော့တယ်​။

"မပြန်​ဘူး ငါ မင်း​နောက်​လိုက်​မလို့...."

"ဘာလို့လိုက်​မှာလဲ မလိုက်​နဲ့ ပြန်​...:"

"ရှင်းခန့်​ပိုင်​ အခု မင်းကငါ့ကို အမိန့်​ပြန်​​ပေး​နေတာလား...ဟွန်း မင်းအချိုး​တေပြင်​ထား​နော်​ ငါဘာ့သာ လိုက်​ချင်​ရင်​လိုက်​မယ်​ မလိုက်​ချင်​မလိုက်​ဘူး မင်းငါ့ကို လာမ​ပြောနဲ့.. "

ရှင်းခန့်​ပိုင်​ စီးရမဲ့ ကားကလာ​နေပြီမို့လို့ ..​ပြောမရဆိုမရ ထို​ကောင်​​လေးကို ဘာမှမ​ပြော​တော့ပဲ ရှင်းခန့်​ပိုင်​ လဲ ကား​ပေါ်တက်​လာခဲ့​တော့တယ်​။ဆက်​ ကလဲ ရှင်းခန့်​ပိုင်​ တက်​တဲ့ကား​ပေါ်ကို လိုက်​တက်​လာတယ်​။ ရှင်းခန့်​ပိုင်​ အ​ကြွေ 200 ထည့်​လိုက်​တာမြင်​လို့ ပုံးထဲကို ပိုက်​ဆံ ထည့်​ရမှာ သတိရပြီး ပိုက်​ဆံထုတ်​ရ​တော့တယ်​။အ​ကြွေ မရှိတာ​ကြောင့်​ 1000 တန်​ကိုသာထည့်​ခဲ့လိုက်​ပြီး ရှင်းခန့်​ပိုင်​ ထိုင်​တဲ့​ဘေးမှာဝင်​ထိုင်​လိုက်​​တော့တယ်​။

"ဘာလို့ 1000 ထည့်​လိုက်​တာလဲ တစ်​​ယောက်​ 200.ပဲ​လေ ..."

"200 မှ မရှိတာကို 1000 ထည့်​​တော့ဘာဖြစ်​လဲ"

SERVANT Where stories live. Discover now