Ep-(24)

16.3K 1.2K 33
                                    

ဘာလုပ်​ရမလဲ.. ...
ဘာလုပ်​သင့်​သလဲ...
သူများ​တေ မိဘအ​ကြောင်း​တေ​ပြော​နေတဲ့အချိန်​မှာ ရှင်း မှာ​ပြောပြစရာ မိဘအ​ကြောင်းမရှိခဲ့ဘူး...သူများ​တေ ​ဖေ​ဖေ ​မေ​မေ ​ခေါ်​နေတဲ့အချိန်​မှာ ရှင်း မှာ ​ခေါ်ဖို့ရာ မရှိခဲ့ဘူး......

နေသားကျ​နေပြီဖြစ်​​တော့မှ ရှင်း ဘ၀ထဲပြန်​လာခဲ့တဲ့ အ​မေ....
ဆယ်​နှစ်​​ကျော်​ကွဲကွာခဲ့ရလို့ ​ပေမဲ့..
ပြန်​​တွေ့ရတဲ့ အ​ကြောင်းပြချက်​က .....
တစ်​စုံတစ်​ရာ ​နဲ့ချိန်း​ခြောက်​ခံရရင်းနဲ့မှတဲ့လား..
ထပ်​ပြီးကံဆိုးစွာနဲ့ပဲ နှလုံး​ရောဂါ ​ဝေဒနာခံစား​နေရတဲ့ အ​မေ့အတွက်​ ​ဆေးဖိုးဝါးခ အတွက်​..
ချစ်​ရတဲ့သူကို စွန့်​လွှတ်​​ပေးပြီးမှတဲ့လား...

အမှန်​တိုင်း​ပြောရရင်​ ရှင်း လဲ ​မေ​မေမျက်​နှာကို ​တောင်​မမှတ်​မိ​တော့ပါဘူး....ဒါ​ပေမဲ့ ​တွေ့ချင်​တယ်​.. ..​မေ​မေလို့ ​ခေါ်ပြီး သား ​မေ​မေတို့ကို အမြဲတမ်းလွမ်း​နေတာပါလို့ ​ပြောချင်​တယ်​..

ဒါ​ပေမဲ့............

မိသားစုမရှိ​တော့တဲ့အချိန်​မှာ ​တွေ့ဆုံခဲ့ရတဲ့ ​ကောင်​​လေးတစ်​​ယောက်​ ကို စွဲစွဲလန်းလန်းကို ချစ်​မိ​နေခဲ့ပြီ.......

ဘယ်​အရာကို​ရွေးချယ်​သင့်​သလဲ?.....

ဦးထင်​ရှား က တစ်​ပတ်​အချိန်​​ပေးမယ်​တဲ့...
အခု​တော့ ဦးထင်​ရှား ​ပေးတဲ့ ​ဆေးရုံလိပ်​စာအတိုင်း ​မေ​မေ့ကိုအရင်​သွား​တွေ့ဖို့ ဆုံးဖြတ်​လိုက်​တယ်​......

~~~~~~~~~~~~~~~~~~~~~~~~~~~~
"ရှင်း ဖုန်း မကိုင်​ပြန်​ဘူး ကွာ ​ဖေ​ဖေ နဲ့​တွေ့ပြီး အဆင်​​ရော ​ပြေရဲ့လားမသိဘူး ဟူး"

ဆက်​ မနက်​အိပ်​ယာနိုးထဲက ရှင်း ဆီ ဖုန်းဆက်​​နေတာမရဘူး..။ဆက်​ အရမ်းစိတ်​ပူ​နေပြီ​လေ။ဖေ​ဖေက ခွင့်​ပြုလိုက်​လား ဘာ​ပြောလိုက်​လဲ အရမ်းသိချင်​​နေပြီ​လေ။ရှင်း ကို ဖုန်းဆက်​လို့မရတာနဲ့ ရှင်း ​နေတဲ့တိုက်​ပု​လေးဆီ သွား​တော့လဲ ရှင်း ရှိမ​နေတာ​ကြောင့်​ ဆက်​ အရမ်း လန့်​သွားတယ်​.. ...။

ခြေဖျားလက်​ဖျား​တေပါ တုန်​ရီလာကာ မကိုင်​တဲ့ ဖုန်း​လေးကို ထပ်​ခါထပ်​ခါ ​ခေါ်​နေမိတယ်​..

SERVANT Where stories live. Discover now