Ep-(20)

17.9K 1.4K 12
                                    

ဆက်​ ထွက်​သွားပြီးတာနဲ့ သူ့​နောက်​ကိုချက်​ချင်းလိုက်​ချင်​​ပေမဲ့ ​​ကော်​ဖီဆိုင်​ထဲရှိ ​ကောင်​တာကို အမြန်​ သွားလိုက်​တယ်​။
ကော်​ဖီဖိုး ​တေကို ခုနက အကို ရှင်း​ပေးသွားပြီးပြီ ဆိုတဲ့ စကားကို ၀န်​ထမ်း​လေးဆီက ကြားပြီးတာနဲ့ ရှင်း လဲ ဆက်​ အ​နောက်​ကို​ပြေးလိုက်​လာမိတယ်​။

ဒါ​ပေမဲ့ ဆိုင်​အပြင်​​ရောက်​​တော့ ဆက်​ ကို လုံးဝရှာမ​တွေ့ရ​တော့ဘူး...။
အခုချိန်​မှာ ရှင်း အရမ်းစိတ်​​တေပူ​နေရပါပြီ..

အေးစက်​စွာသူ့ဘက်​က ​ပြောလာတာက အတည်​လို့ထင်​ရ​ပေမဲ့ မယုံချင်​ဘူး အာ့စကား​တေကို မယုံပါရ​စေနဲ့........

အခုချိန်​မှာ ​ကောင်းကင်​မှာရှိ​နေတဲ့ ​နေရဲ့ အပူရှိန်​ထက်​ ရှင်း ရင်​ထဲကအပူက ပိုပြီးပူ​လောင်​​နေပါတယ်​....

နေရဲ့အပူရှိန်​ကို သက်​သာ​စေဖို့ မိုး​တေရွာချ လိုက်​ရင်​ ​အေးချမ်း သွားမှာဖြစ်​​ပေမဲ့.......
ရှင်း ရဲ့ စိတ်​​တေကို ​အေးချမ်းနိုင်​မဲ့ အရာက ဆက်​ တစ်​​ယောက်​ထဲပါ...

အိမ်​​ရောက်​တာနဲ့ ဆက်​ ရဲ့ အခန်းရှိမဲ့ ဘက်​ကိုပဲ ​ခြေဦးတည့်​လိုက်​တယ်​.။
အခန်း​ရှေ့​ရောက်​​တော့ တံခါးဖွင့်​လျက်​ရှိ​နေတာမို့ ရှင်းလဲ ၀င်​သွားလိုက်​တယ်​။

ရှင်း ၀င်​လာတာမြင်​တာနဲ့ ဆက်​လဲ မျက်​နှာကို တခြားတစ်​ဖက်​ကို လှည့်​လိုက်​တယ်​။
ရှင်း လဲ ဆက်​ ရဲ့ မျက်​နှာ​ရှေ့တည့်​တည့်​ ကိုပဲ​လျှောက်​သွားလိုက်​တယ်​။

"စကား ​ပြောရ​အောင်​ ခန​လောက်​စကား​ပြောရ​အောင်​ကွာ.."

တောင်းပန်​​နေတဲ့ပုံစံမျိုး နဲ့ ရှင်းကသာ​ပြော​နေရတာ ဆက်​ က ရှင်း ကိုလုံးဝမကြည့်​ပဲ သူ့ကုတင်​​ပေါ်မှာထိုင်​လိုက်​ပြီး ဖုန်းပွတ်​​နေတယ်​။

ရှင်း လဲ ဆက်​ရဲ့ ​ဘေးဘက်​မှာပဲ ၀င်​ထိုင်​လိုက်​တယ်​....။

"လာမထိုင်​နဲ့ ငါမင်းကို ခိုင်းစရာ​တေရှိတယ်​ ..ငါ့အ၀တ်​​တေပုံ​နေပြီ ​လျှော်​ထား မီးပူတိုက်​စရာ ရှိတာတိုက်​ထား အခန်းထဲလဲ ဖုန်​​တေချည်းပဲ ရှင်းထားဦး .."

SERVANT Where stories live. Discover now