Ep-(28)

16K 1K 16
                                    

ဆက်​ က​ပြော​နေရင်းနဲ့ကို ငိုလာ​တော့တယ်​။
မေ​မေအ​ရှေ့မှာ စကား​ပြောဖို့ သိပ်​အဆင်​မ​ပြေတာ​ကြောင့်​ ဆက်​ ရဲ့ လက်​ကိုဆွဲပြီး ထိုအခန်းထဲကထွက်​လာခဲ့​တော့တယ်​...။

လူရှင်း​တဲ့​နေရာတစ်​ခု​ရောက်​မှ ရပ်​လိုက်​ပြီး ဆက်​ ပုခုံးနှစ်​ဖက်​ကို ရှင်း က ဆုတ်​ကိုင်​လိုက်​ရုံရှိ​သေးတယ်​ ဆက်​ က ရှင်း ရဲ့ ရင်​ခွင်​ထဲကို ၀င်​လာပြီး ဖက်​ထားလိုက်​​တော့တယ်​...။

ရှင်း လဲ ဆက်​ ကို လွမ်း​နေခဲ့ရတာ အ​တော်​ကြာပြီမို့လို့ ပြန်​ဖက်​ထားရင်း ဆက်​ နဖူး ​လေးကို အနမ်းတစ်​ခု ​ခြွေမိတယ်​...။

ဆက်​ က​တော့ အငိုမပြက်​ခဲ့ပါဘူး...ရှိုက်​သံ​လေး​တေပါထွက်​လာတဲ့ အထိငိုပြီးတဲ့အခါ ရှင်း ရဲ့ ရင်​ဘတ်​ကို တဖုန်းဖုန်း ထုပြီး​တော့ မ​ကျေနပ်​ချက်​​တေကို မနားတမ်း​ပြောပါ​တော့တယ်​။

"ဘာလို့အမှန်​တိုင်းမ​ပြောခဲ့တာလဲ...ဟိုမိန်းမ ဆီသွားမယ်​ဆိုလို့ ငါဘယ်​​လောက်​ငိုခဲ့ရလဲ မင်းသိရဲ့လား ဟင့်​ ငါ့ကိုမုန်းပြီး အာ့မိန်းမကို ချစ်​သွားပြီထင်​ပြီး ငါဘယ်​​လောက်​ရူးမတတ်​ခံစားခဲ့ရလဲ မင်းသိရဲ့လား ဘာလို့ ငါ့ကိုနာကျင်​​အောင်​ အာ့လိုမျိုး​ပြောခဲ့ရတာလဲ ဟင့်​ ငါ ငါ မင်းကို ဒီရက်​ထဲ ဘယ်​​လောက်​ ဘယ်​​လောက်​​တောင်​ လွမ်း​နေလဲ မင်းသိရဲ့လား ရှင်း ရာ ဟင့်​ဟင့်​ အီးဟီး.. "

ဒီအချိန်​မှာ ဦးထင်​ရှား ရဲ့ အ​ပေးအယူ ​တေခန​မေ့ထားပါရ​စေ ....​နောက်​ အနာဂတ်​ အတွက်​အ​ကြောင်း​တေလဲ ​မေ့ထားပါရ​စေ...အခု ပစ္စုန်​ပ္ပန်​ အချိန်​​လေးမှာ စိတ်​ထဲရှိတဲ့ အတိုင်း​နေပါရ​စေ..

ရင်​ခွင်​ထဲက ​ကောင်​​လေးကို အခုချိန်​မှာတင်းကြပ်​​နေ​အောင်​ ဖက်​ထားပါရ​စေ...
နောက်​ရက်​​တေ ဆိုတာ မ​သေချာလို့ ..
အခုချိန်​​လေးပဲ အခုချိန်​​လေးပါပဲ.....

သူရဲ့အရာရာကို ရူးမတတ်​လွမ်း​နေခဲ့ရတာမို့လို့ပါ.....

ရှင်းခန့်​ပိုင်​လဲ ဆက်​ဧကရာဇ်​ ကို သူ​နေတဲ့ တိုက်​ခန်းအသစ်​ကို ​ခေါ်သွားခဲ့တယ်​..။

SERVANT Where stories live. Discover now