"အပူလောင်တာဆိုတော့ ဘာဆေးထည့်ပေးရမလဲ ရှင်း..."
ဆေးသေတ္တာယူလာပြီး ရှင်းခန့်ပိုင် အပူလောင်တာအတွက် ဆက်ဧကရာဇ် က ဆေးရှာပေးနေတယ်.....
"အာ့လောက်ထိမလိုပါဘူးကွာ နည်းနည်းပဲပူသွားတာပါ ဆေးလိမ်းစရာမလိုပါဘူး.."
"သေချာလို့လား ရှင်း ရာ တကယ်မလိုဘူးလား"
ဆိုပြီး ရှင်းခန့်ပိုင် ရဲ့လက်က နီရဲသွားတဲ့နေရာလေးကို လေမှုတ်ပေးနေတဲ့ ဆက် ကို ကြည့်ပြီး ရှင်း ရဲ့ ရင်ထဲမှာ အတိုင်းမသိကြည်နူးမှူတေ ဖြစ်နေတော့တယ်။
"မင်း ငါ့ကို အာ့လောက် စိတ်ပူပြီး ..ဂရုစိုက်ပေးနေတာနဲ့တင် ငါတော်တော် သက်သာနေပြီ သိလား..."
"အဟမ်း ပြီး ပြီးတာပဲလေ အာ့ဆိုလဲ ငါ ပြန်တော့မယ်.. .."
ဆက် က ပြန်တော့မယ်လို့ ပြောလိုက်ခါမှ ရှင်း ရဲ့ မျက်နှာပြုံးဖြီးနေတာကနေ ဆက်ပြီးမပြုံးနိုင်ဖြစ်သွားတော့တယ်။
"ဒီမှာ ငါနဲ့ အိပ်လေ ..ဟို မနေ့ကလိုလေ...."
"ဖေဖေတို့က ဒီည နှစ်နာရီ လောက်ပြန်ရောက်မှာတဲ့ ငါမင်းနဲ့ အိပ်လို့ ဘယ်ဖြစ်ပါ့မလဲ....."
စိတ်မကောင်းစွာ ဆက်ဧကရာဇ် ပြောလာတော့ ရှင်းခန့်ပိုင် မျက်နှာလေးညိုးကျသွားတယ်..။
ရှင်း ရဲ့ မျက်နှာအပြောင်းအလဲကို မြင်လိုက်ရတဲ့ ဆက် က ရှင်းရဲ့ အနားသို့တိုးလာပြီး ရှင်း ရဲ့ ပေါင်ပေါ်မှာ ခေါင်းအုံးအိပ်ချလိုက်တယ်...။"မျက်နှာကြီးက မှုန်ကုပ်မနေပါနဲ့ ရှင်း ရာ ငါမင်းနဲ့ ခနနေပေးဦးမယ်လေ.."
ရှင်း ရဲ့ပေါင်ပေါ်ခေါင်းအုံးလျက် ရှင်း မျက်နှာကို မော့ကြည့်ပြီး အချိုသာဆုံးသော အပြုံးတေနဲ့ ရှင်းခန့်ပိုင် ကို ဆက် အားပေးလိုက်တယ်။
ရှင်း ရဲ့ လက်ချောင်းလေးတေက ဆက် ရဲ့ ပါးပြင်လေးပေါ်ကို ထိတွေ့လာတော့ ဆက် မျက်နှာမှာ ရှက်ပြုံးလေးနဲ့ ဖြစ်သွားတယ် ။
YOU ARE READING
SERVANT
Romanceမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light