Ep-(7)

22.9K 1.5K 6
                                    

သူဘယ်​သွားသွား အမြဲ​ခေါ်သွားတတ်​တဲ့ ကျွန်​​တော့် ကို ​ဒီ​နေ့ ပထမ ဆုံးအကြိမ်​ထားခဲ့ခြင်းပါ မင်းအတွက်​ ခင်​တွယ်​စရာ ရှိ​နေပြီ​ပေါ့​လေ...ငါက​တော့ မင်းခိုင်းတဲ့ အလုပ်​​တေလုပ်​​နေရင်း တစ်​​ယောက်​တည်းပါပဲ.........

"သား​လေး ရှင်းခန့်​ အန်​တီ ကို တစ်​ခု​လောက်​ကူညီပါဘူး"

"ဟုတ်​ ​ပြော​လေ အန်​တီ"

"ဒီလိပ်​စာအတိုင်း အန်​တီကို ပစ္စည်း ​လေးသွားပို့​ပေးပါ အ​ရေးကြီးလို့ သား​ရေ"

"ကျွန်​​တော်​အခုပဲ သွားလိုက်​ပါ့မယ်​"

အန်​တီလင်းစန္ဒာခိုင်းတဲ့ လိပ်​စာအတိုင်းသွားလိုက်​​တော့ အာ့အိမ်​ထဲက ထွက်​လာတဲ့ မိန်းက​လေး ​ကြောင့်​ အံ့သြသွားရတာ အမှန်​ပဲ...

"ရှင်း ရှင်းခန့်​ပိုင်​ မလား ငါ့ဆီလာတယ်​ဟုလား"

"ဒီအိမ်​က အန်​တီ ထက်​ထက်​တို့ အိမ်​လာမသိဘူး အန်​တီလင်းစန္ဒာက ပစ္စည်း ပို့ခိုင်းလိုက်​လို့ပါ"

"​သြော်​ ဟုတယ်​ ဟုတယ်​ ဒါနဲ့ အိမ်​ထဲဝင်​ဦး​လေ"

"ကျွန်​​တော်​အလုပ်​ရှိ​သေးလို့ပြန်​လိုက်​ပါဦးခင်​ဗျ"

ကျွန်​​တော်​နဲ့အာ့မိန်းက​လေး စကား​ပြောတာ သိရင်​ ဆက်​ စိတ်​ဆိုးလိမ့်​မယ်​ အာ့​ကြောင့်​ စကားအမြန်​ဖြတ်​လိုက်​တယ်​ သူလဲအိမ်​ထဲဝင်​သွားပြီး ကျွန်​​တော်​ ပြန်​ဖို့ လမ်းပြန်​​လျှောက်​လာတုန်းမှာ ​မောင်းလာတဲ့ ကားတစ်​စီး ကျွန်​​တော်​သိလိုက်​ပါတယ်​ အာ့ကားထဲမှာ ဘယ်​သူရှိ​နေမလဲဆိုတာ........

~~~~~~~~~~~~~~~~

"ဧကရာဇ်​ မင်း ပိုပိုပြီး​တော့ ဆိုးလာပါလား အာ့တာလူကွ လူ မင်းလုပ်​လိုက်​တာ သူ​သေသွားရင်​ ဘယ်​လိုလုပ်​မလဲ မင်းလုပ်​ချင်​တိုင်း လုပ်​​နေတာ​တေက မှန်​ရဲ့လား ဟမ်​"

ဦးထင်​ရှား က ဧကရာဇ်​ ကို ဆူ​နေ​ပေမဲ့ ဧကရာဇ်ရဲ့ အကြည့်​​တေက ကုတင်​​ပေါ်မှာ သတိ​မေ့​နေတဲ့ ​ရှင်းခန့်​ပိုင်​ကိုပဲ ​တွေ​တွေ​လေး ကြည့်​​နေမိတယ်​.. .

SERVANT Where stories live. Discover now