Ep-(16)

21.2K 1.3K 21
                                    

အခုလိုရုတ်​တရက်​ဖွင့်​​ပြောလိုက်​မိမယ်​လို့ ကိုယ့်​ကိုယ်​ကို ​တောင်​မယုံနိုင်​ဘူး။
ဘယ်​လိုမှကို သည်းမခံနိုင်​​တော့လို့ ခံစားချက်​​တေက အလုံးလိုက်​အခဲလိုက်​ ထွက်​ကျလာတယ်
သူ ဘယ်​လိုတုံ့ပြန်​လာမလဲ ဆိုတာ ​တွေး​တောင်​မ​တွေးရဲလို့။
ပြောချင်​တာ​တေ​ပြောပြီး ငုတ်​တုတ်​ထိုင်​ ​နေလျက်​ပဲ မျက်​နှာ​ခေါင်းငိုက်​စိုက်​ထားရတယ်​။

"တကယ်​လား"

ညင်​သာတယ်​.....
မဟုတ်​ဘူး နူးညံ့လွန်း​နေတဲ့...
သူ့ အသံ​လေး....

တကယ်​ဆိုသူ​ဒေါသ​တေထွက်​လာရမှာ မဟုတ်​ဘူးလား။
ဘာလို့ အ​ခြေအ​နေက​ပြောင်းသွားရတာလဲ။

ငုံ့ထားတဲ့​ခေါင်းကို​မော့လိုက်​ပြီး...
သူ့မျက်​လုံး ၀ိုင်းဝိုင်း​လေး​တေကိုကြည့်​ရင်း..

"တကယ်​​ပေါ့ ဆက်​ ရာ ငါ့မျက်​လုံး​တေကို ​သေချာကြည့်​ကြည့်​ပါ ဦး ညာ​နေတဲ့ပုံ​ပေါက်​​နေလို့လားကွာ"

"ဘယ်​ထဲကလဲ ဘယ်​ချိန်​တုန်းကလဲ ဘယ်​တုန်းထဲက ငါ့အ​ပေါ်အာ့လို..."

"တကယ်​ဆို မင်းကိုချစ်​​နေတာ ကြာပါပြီ..ဒါ​ပေမဲ့ ချစ်​​နေမှန်းမသိခဲ့တာ အခုကျ​တော့.. "

"သိသွားပြီ​ပေါ့​လေ..."

"ဆက်​ "

"ကုတင်​​ပေါ်တက်​နှင့်​ ငါ​ဆေးထည့်​​ပေးမလို့ ​ဆေးသွားယူဦးမယ်​"

ငါ့ ဘက်​က ဖွင့်​​ပြောပြီးပြီ​လေ...
အ​ဖြေ တစ်​ခုခု​တော့ ပြန်​​ပေးသင့်​တယ်​ မဟုတ်​ဘူး လား ဆက်​ရယ်​..

"ဆက်​ ငါ​ပြောတာကို ဘယ်​လိုသ​ဘောရလဲ"

"မင်း ကုတင်​​ပေါ်တက်​နှင့်​လို့ ငါ​ပြောတာ နားမလည်​ဘူး လား"

"အင်းပါကွာ"

ခုန​နေ​တော့ ​ဆေး​သေတ္တာယူပြီး ပြန်​​ရောက်​လာတယ်​။
အခုလို ဂရုတစိုက်​ ​ဆေးထည့်​​ပေး​နေ​တော့လဲ
ခုနက အကြိတ်​အနယ်​ထိုးခဲ့တာ သူမဟုတ်​တဲ့အတိုင်းပဲ။
သိပ်​အ​ပြောင်းအလဲမြန်​တဲ့ ​ကောင်​​လေး ခိခိ။

"အား အ အ နာတယ်​ ဆက်​ ရ ​ဖြေး​ဖြေးလုပ်​ပါ"

"အာ့လိုဒဏ်​ရာ​တေနဲ့ကို မင်းက ဘာ​တေ​တွေးပြီး ပြုံး​နေတာလဲ "

SERVANT Where stories live. Discover now