Ep-(40)

15.6K 1K 16
                                    

ဘယ်​​လောက်​ရှာရှာ မ​တွေ့ခဲ့ဘူး ။နဂိုထဲက ​ပျောက်​​နေတဲ့ သူက ထပ်​ပြီး အပုန်း​ကောင်း​နေခဲ့ပြန်​ပြီလား ။မိုးလဲ အ​တော်​ချုပ်​​နေပြီမို့လို့ taxi ငှါးရင်းသာ ဆက်​ဧကရာဇ်​ အိမ်​ပြန်​လာခဲ့​တော့တယ်​။

တည​နေလုံးရှာ​နေရတဲ့ သူကို​တော့ မ​တွေ့ရပဲ ..မ​တွေ့ချင်​တဲ့ သူကို အိမ်​​ရောက်​​ရောက်​ချင်း ​တွေ့လိုက်​ရတာ​ကြောင့်​ အ​မောပါစို့ချင်​သွားရတယ်​...။

ခြေ​ထောက်​​တေလဲအရမ်း​ ​ညောင်းကိုက်​​နေပြီမို့လို့ အိပ်​ခန်းကိုတန်းသွား​ပေမဲ့​လဲ....

"ဧကရာဇ်​ ဘယ်​လိုဖြစ်​လာတာလဲ တစ်​ကိုယ်​လုံးလဲ စိုရွှဲ​နေတာပဲ.. ..."

သိမ့်​ထက်​ကို ဘာစကားပဲပြန်​မ​ပြောပဲ အခန်းထဲကိုသာ ၀င်​လာခဲ့​တော့တယ်​ ။သိပ်​မကြာပါဘူး အခန်းထဲကို ​မေ​မေ​ရော သိမ့်​ထက်​​ရော ​ရောက်​လာတယ်​...။ သိမ့်​ထက်​အခန်းထဲဝင်​လာတာကို ဆက်​ဧကရာဇ်​ လုံးဝမကြိုက်​ပါဘူး။

"ငါ့အခန်းထဲ မ၀င်​ပဲ ​နေ​ပေးလို့မရဘူးလား သိမ့်​ထက်​..."

ကွက်​ခနဲပျက်​သွားတဲ့ သိမ့်​ထက်​မျက်​နှာကို ​တွေ့လိုက်​ရပါတယ်​ ။

"သားရယ်​ သမီး​လေးက စိတ်​ပူလို့ပါ ...မိုးမိလာတာလား ထီးမပါလဲ ၀ယ်​​ဆောင်းလာတာမဟုတ်​ဘူး သားရယ်​ ဖျား​နေ​တော့မှာပါပဲ.. "

"​မေ​မေ သားကိုစိတ်​မပူနဲ့ သားအခုအ၀တ်​အစားလဲ ​နွေး​နွေး​ထွေး​ထွေးဝတ်​ ​ဆေး​သောက်​ပြီး အိပ်​လိုက်​မယ်​ ..အာ​ကြောင့်​ ​မေ​မေ ကိုယ့်​အခန်းကို ပြန်​​တော့​နော်​ "

"​အေးပါ သားရယ်​ ဂရုစိုက်​ဦး​နော်​..."

ဒေါ်လင်းစန္ဒာ နဲ့ သိမ့်​ထက်​တို့ ထွက်​သွား​တော့မှပဲ ဆက်​ လဲ ​ရေချိုး အ၀တ်​အစား လဲပြီး အိပ်​ဖို့ကြိုးစားလိုက်​တယ်​....။သို့​ပေမဲ့ အိပ်​မ​ပျော်​ခဲ့ပါဘူး...။အိပ်​မ​ပျော်​​အောင်​လုပ်​သွားတဲ့ သူတစ်​​ယောက်​ ​...​ကျောပြင်​​လေးသာ ​တွေ့ခွင့်​ရခဲ့တဲ့ ရှင်း ကို ပဲ မြင်​​ယောင်​​နေမိတယ်​..။

SERVANT Where stories live. Discover now