Ep-(10)

22.5K 1.5K 20
                                    

"ငါ့မှာ​တော့ ချက်​ချင်း ပြန်​လာရတာ မင်းက​ဆေးရုံမှာ​တောင်​ လာသာယာ​နေတာလား ဟမ်​"

"မဟုဘူး ဆက်​ ငါ့ကို မစွပ်​စွဲနဲ့ "

"ငါ့ကို အခုပြန်​​အော်​​နေတာလား"

သူ​ပြောရက်​လိုက်​တာ သူလာ​နေပြီဆိုထဲက ​မျှော်​​နေရတာကို အခု​တော့...

"ငါ​အော်​တာမဟုဘူး ဆက်​ ငါရှင်းပြ​နေတာ ငါ​ဆေးရုံတက်​​နေရတာ အမှန်​ပဲ အာ့မိန်းက​လေးက သူ့ဘာသာ လာတာ ငါ​ခေါ်ထားတာ မဟုတ်​ဘူး "
ရှင်း​ပြောတာနား​ထောင်​ပြီးတာနဲ့ အကြည့်​​တေကို အာ့မိန်းမ ဆီကို​ပြောင်းလိုက်​တယ်​။

"ဆက်​ဧကရာဇ်​ ဆိုတာ နင်​လား ထင်​သ​လောက်​လဲ နင့်​ပုံစံက ​ကြောက်​စရာမ​ကောင်းပါဘူး"

"နင်​​ကြောက်​တာ မ​ကြောက်​တာ​တေ ငါစိတ်​မ၀င်​စားဘူး အခုချက်​ချင်း ဒီအခန်းထဲက ထွက်​သွား နင့်​မျက်​နှာကို မမြင်​ချင်​ဘူး"

"နင်​ နှင်​စရာမလိုပါဘူး ငါသွားမှာပါ ​သြော်​ နင်​​ပြောလို့ သွားတာမဟုတ်​ဘူး​နော်​ ရှင်း ကို ကတိ​ပေးထားလို့"

မျက်​နှာထိမျက်​နှာထားနဲ့ ​ပြော​နေတဲ့ အာ့မိန်းမ ပုံစံက အလွန်​ကို အမြင်​ကတ်​စရာ​ကောင်း​နေတယ်​ ဘာတဲ့ ​ခေါ်လိုက်​တာကို ရှင်း ဟုသလား ဆက်​ဧကရာဇ်​ ​ဒေါသ​တေက အလွန်​အကျွံ ​တေထွက်​​နေပြီ..

"နင်​ သူ့ကို အာ့လို​ခေါ်စရာ မလိုဘူး ​နောက်​လဲ သူဆီလာစရာ မလိုဘူး ထွက်​သွား "

"အာ့တာ ငါ့ကိစ္စပါ"

အာ့မိန်းမ အခန်းထဲက ထွက်​သွား ပြီးတာနဲ့ တံခါးကို log ချလိုက်​တယ်​...

"အာ့မိန်းမ ဒီကို ဘယ်​လို​ရောက်​လာလဲ ငါမသိဘူး သိလဲမသိချင်​ဘူး မင်းနဲ့ဘာ​တေ​ပြော​နေမှန်းလဲ ငါမသိဘူး သိလဲမသိချင်​​တော့ဘူး ဒါ​ပေမဲ့ မင်းကို ချစ်​တယ်​ လို့ အရှက်​မရှိသူ​ပြောတာကို ငါကြားလိုက်​တယ်​ မင်း ဘာလို့ မငြင်းတာလဲ ဟမ်​ ကြိုက်​​နေလား အာ့မိန်းမ ကို မင်းကြိုက်​​နေလား"

သူ့အကျီ​ကော်​လံစကိုဆွဲရင်း အတင်းအကျပ်​​တေ​မေး​နေမိတယ်​..

SERVANT Where stories live. Discover now