Ep-(19)

18.3K 1.1K 18
                                    

ဆက်​တို့ ခြံ​ရှေ့​ရောက်​လာ​တော့ သိမ့်​ထက်​ကို နှုတ်​ဆက်​ပြီး ကား​ပေါ်က ဆင်းလာချင်းမှာ အိမ်​ထဲကို လှမ်းကြည့်​မိ​တော့ ​ဒေါ်လင်းစန္ဒာ တံခါး​ပေါက်​ အ၀မှာ မတ်​တတ်​ရပ်​ ​နေတာကို ဆက်​ ​တွေ့လိုက်​ရတယ်​ ။

ထို့​နောက်​ သိမ့်​ထက်​ပြုမူလိုက်​တာ​တေ​ကို ဆက်​ မကြိုက်​ဘူး ရှင်းကိုပါမြင်​လိုက်​ရတဲ့ အချိန်​မှာ ပိုဆိုးတာ​ပေါ့ သိမ့်​ထက်​ကို တွန်းထုတ်​ပြီး ရှင်း ထင်​သလို မဟုတ်​ပါဘူး ဆိုပြီး ရှင်းပြချင်​​ပေမဲ့..။

အာ့လိုလုပ်​လိုက်​ရင်​ အိမ်​​ပေါက်​၀က လှမ်းကြည့်​​နေတဲ့ ​မေ​မေ့​သာ​တွေ့သွားရင်​ အဆင်​မ​ပြေနိုင်​တာ​ကြောင့်​ ရှင်း ကိုပဲလျစ်​လျုရှုထားလိုက်​တယ်

"မငိုပါနဲ့ သိမ့်​ထက်​ရယ်​ နင့်​​မွေး​နေ့ကို ​ပျော်​​ပျော်​​နေရမှာ​ပေါ့."

ဆက် ရဲ့ ​အား​ပေးစကားသံ​ကြောင့်​ သိမ့်​ထက်​ လဲ ဆက်​ ရင်​ခွင်​ထဲက ခွာပြီး မျက်​ရည်​ ​တေကို သုတ်​လိုက်​ပြီး ဆက်​ ကို ရှက်​ပြုံး​လေး ပြုံးပြလိုက်​မိတယ်​.. .

"ငါ​ပျော်​လို့ ကျတဲ့မျက်​ရည်​​တေပါ...ဧကရာဇ်​ ရယ်​ ငါပြန်​​တော့မယ်​ ​နော်​"

"အင်း အင်း မိုးလဲချုပ်​​နေပြီ ပြန်​​တော့​နော်​"

"အန်​တီလင်းကို ​နောက်​မှလာလည်​​တော့မယ်​လို့ ​ပြော​ပေးဦး."

"​အေးပါဟာ "

သိမ့်​ထက်​ကား​လေးအနားက ထွက်​သွားပြီဆိုတာနဲ့ ဆက်​ လဲ ရှင်း မျက်​နှာကို တချက်​​တောင်​ လှည့်​မကြည့်​ပဲ အိမ်​ထဲကို ၀င်​သွားလိုက်​ တယ်​..

ငါအခုချိန်​မှာ မင်း ကို ဘာစကား​ပြောရမှန်း
မသိ​သေးဘူး ရှင်း....
ဝမ်းနည်းရိပ်​​တေရှိ​နေမဲ့ မင်းမျက်​၀န်း​တေ..
ငါ့ကို စိတ်​ဆိုး​နေမဲ့ မင်းပုံစံ...
ငါ့ဆီက ​ဖြေရှင်းချက်​​တေကို ​မျှော်​လင့်​​နေမဲ့..
အပြစ်​ကင်းတဲ့ မင်းကို..
ငါ အခုချိန်​မှာ ရင်​မဆိုင်​နိုင်​​သေးဘူး ရှင်း...

~~~~~~~~~~~~~~~~~~~~~~~~~~~~

သိမ့်​ထက်​နဲ့ အပြင်​သွားပြီးပြန်​လာထဲက ဆက်​ က ရှင်း ကိုအမြဲ​ရှောင်​ ​နေတယ်​။
ဘာအလုပ်​မှလဲ ​ခေါ်မခိုင်းဘူး..​ကျောင်းကိုလဲ အတူတူ မသွားဘူး။
ဆက်​ ဘာလို့အာ့လိုဖြစ်​သွားတာလဲ ရှင်း စဉ်းစားလို့မရခဲ့ဘူး။
တကယ်​စိတ်​ဆိုးသင့်​တာက ရှင်း ဖြစ်​ရမှာ မဟုတ်​ဘူးလား။
အခုနှစ်​ရက်​အတွင်း သူ့ကို​သေချာမ​တွေ့ရတာ​ကြောင့်​ စိတ်​ဆိုး​နေတာထက်​ လွမ်း​နေတဲ့ ဒုက္ခ က ပိုလို့ဆိုး​နေပြီ ....

SERVANT Where stories live. Discover now