Ep-(11)

21.3K 1.3K 8
                                    

"ဒီမှာ ငါဖုန်းယူလာခဲ့ ပြီ ဆက်​ "

"မင်း အတန်းသွားနှင့်​ ငါတို့ လိုက်​လာခဲ့မယ်​"

"အတူသွားလို့မရဘူးလား ဆက်​ သူတို့နဲ့လဲ ငါခင်​လို့ရ​နေပြီဆို ဘာလို့ ငါ့ကို ခွဲခြားခွဲခြားလုပ်​​နေတာလဲ "

"မင်း ခင်​ရမဲ့သူထဲ သိမ့်​ထက်​မပါဘူး ​လေ အခုကသိမ့်​ထက်​ရှိ​နေတယ်​​လေ"

"ငါ့က​ရော သူ့ကိုအတင်းလိုက်​ပြီး စကား​ပြော​နေလို့လား"

ရှင်း​ရောဆက်​​ရော နှစ်​​ယောက်​လုံးရဲ့​လေသံ​တေကို နား​ထောင်​ရခြင်းဖြင့်​ စကားအ​ချေအတင်​များတာက ပိုကြီးထွားလာသလိုပင်​...

"ငါက နဲနဲအ​လျော့​ပေးလိုက်​တာနဲ့ သိပ်​​ရောင့်​မတက်​လာနဲ့ ရှင်း ငါ့ကိုပြန်​​ပြောတဲ့ မင်း​လေသံ​တေပြင်​ထား ငါမကြိုက်​ဘူး "

ရှင်း ဘာစကားမှကို မ​ပြော​တော့ပဲ မျက်​စိပျက်​မျက်​နှာပျက်​နဲ့ စာသင်​​ဆောင်​ဘက်​ထွက်​သွားတယ်​...ရှင်း အခုတ​လော ဆက်​ အ​ပေါ် ကလန်​ကဆန်​ ​တေ ခနခန လုပ်​လာတယ်​.....

စာသင်​ချိန်​တစ်​ချိန်​လုံးလဲ စကားတစ်​ခွန်းမှမ​ပြော ​နေ့လည်​ကန်​တင်းထိုင်​​တော့​လေ ​နေ့ခဲ့တယ်​တ​နေလုံး ငြိမ်​​နေတာ အခု​ကျောင်းဆင်းတဲ့ အထိပဲ ..မင်း ဘာ​တေဖြစ်​​နေတာလဲ ရှင်း...

"ဧကရာဇ်​ ဟို​လေ ဒီ​နေ့ ငါနဲ့ အ​ဖော်​လိုက်​ခဲ့​ပေးပါလား ငါစာအုပ်​၀ယ်​စရာ​လေး ရှိလို့ "

"​နောက်​​နေ့မှလိုက်​​ပေးလို့မရဘူးလား ငါဒီ​နေ့ အ​ရေးကြီးကိစ္စရှိလို့"

သိမ့်​ထက်​​တောင်းတဲ့ အကူအညီကို ဆက်​ က ငြင်းလိုက်​လို့ သိမ့်​ထက်​ မျက်​နှာပျက်​ယွင်းသွား​ပေမဲ့ ​ကျေနပ်​သွားတဲ့ သူတစ်​ဦး အာ့အနားမှာရှိ​နေပါတယ်​......

"အင်းပါ အာ့တာဆိုလဲ ငါပြန်​နှင့်​ပြီ"

အားလုံးနှုတ်​ဆက်​ပြီး ပြန်​သွားကြ​တော့ ရှင်း နဲ့ ဆက်​ လဲ အိမ်​ပြန်​ဖို့ taxi ငှါးဖို့ လုပ်​​တော့တယ်​ ဒီ​နေ့အိမ်​က ကား ကကားဝပ်​​ရှော့ပို့ထားရလို့ ကားမပါလာရခြင်းပါ........

SERVANT Where stories live. Discover now